25 C
Yangon

ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

Must read

ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာထဲကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CNO Upper Chindwin Region –UCR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇွန်လ ၅ ရက် ည ၁၀ နာရီခန့်က ကလေးမြို့ရှိ အကြမ်းဖက် စစ်တပ်မှ လက်ပံချောင်း ကျေးရွာ အတွင်းကို လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“လက်ပံချောင်းမှာတော့ နေအိမ် ထိခိုက်တာမသိရသေးဘူး၊ ကလေးမြို့တာဟန်းရပ်ကွက်ကတော့ နေ အိမ်တစ်လုံးထိတယ်၊ အိမ်ရှင်အမျိုးသမီးတစ်ယောက်ရယ်၊ ကလေးတစ်ယောက်နဲ့ ကလေးမိဘ နှစ်ဦး၊ အိမ်ခြေက တစ်ခြားအမျိုးသား ၂ ဦးဒဏ်ရာရတာ” ဟု CNO Upper Chindwin Region –UCR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့အပြင် ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ ၁၀ အတွင်းသို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့ ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေး ၁ ဦးနှင့် ကလေး မိဘ ၂ ဦးနှင့် အခြားအမျိုးသား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article