22 C
Yangon

ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ၊စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့်တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်ထားကြရန် နိုင်ငံရေးအကျဉ်းသားများထုတ်ပြန်

Must read

ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ၊စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့်တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်ထားကြရန် နိုင်ငံရေးအကျဉ်းသားများထုတ်ပြန်

ရန်ကုန်၊ ဇွန် ၆

နိုင်ငံရေးအကျဉ်းသားများသည် ထောင်တွင်း ဖိနှိပ်မှုများကြားမှ ထောင်တွင်းတွင် “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ရေးပန်းတိုင်ဆီ ငါတို့အလောင်းတွေကို နင်းပြီးသွားကြ”၊”ဆက်လက်တော်လှန်ကြ”၊

You,UN,ICRC,AI are invited to see murder play” အစရှိသည့် ဆောင်ပုဒ်များကို စွဲကိုင်ကာ ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားများသည် ဖက်ဒရယ်ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်ထားကြရန် ပြည်သူလူထုတစ်ရပ်လုံးကို ပန်ကြားပြီး အဆိုပါတောင်းဆိုချက်များကို စွဲကိုင်ကာ ဆက်လက်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကြေညာထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် မေလ ၂၁ ရက်မှစ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လျက်ရှိနေပြီး ၉ရက်တာ ကာလအတွင်း အကျဉ်းထောင် ၃ ခုမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပသို့ ခေါ်ထုတ်ပြီး ၂ဦးကိုသတ်ဖြတ်ခဲ့ကြောင်း၊ ကျန်ရှိသည့်အကျဉ်းသားများကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ ထိုကဲ့သို့ နှိပ်စက်ညှင်းပန်းခြင်းကို စစ်ကောင်စီက စစ်ဆင်ရေးအနေဖြင့် အကျဉ်းထောင်များတွင် မဖြစ်မနေ အကြမ်းဖက်မည့် အစီအစဉ်ရှိကြောင်းနိုင်ငံရေးအကျဉ်းသားများမှ သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article