26 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း MDF shwe Bo အဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်အတွင်းရှိ BE အရက်ချက်စက်ရုံ၌ တပ်စွဲထားသော အင်အား ၆၀ ကျော်ပါ အကြမ်းဖက် စစ်သားများသည် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ခြေလျင်ထွက်ခွာလာစဥ် MDF Shwe Bo တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ဒေသကာကွယ်ရေး အဖွဲ့များက အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဝင် ၁၀ ဦး ထက် မနည်းသေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တိုက်ပွဲသုံးကျည် ၂၅၀ ကျော်သုံးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအပြီးတွင် စစ်သားများက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

အလားတူ မေလ ၃၁ ရက်နေ့တွင် ရွှေဘိုမြို့၊ ပုသိမ်ကျောင်း (ဘုန်းကြီးကျောင်း) အတွင်း တပ်စွဲထားသည့် စစ်သားများကို ‌ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နောက်ယောင်ခံ ကင်းထောက်လိုက်စဥ် ‌ပုသိမ်ကျောင်းတောင်ဘက်တွင် စစ်ကောင်စီ၏ ကင်းပုန်းမှ စတင်ပစ်ခတ်သောကြောင့် အပြန်အလှည် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ကင်းပုန်း၀ပ်နေသည့် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများကို MDF shwebo၊ သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဒေသ ပြည်သူကာကွယ်ရေးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MDF shwe Bo မှ သတင်းပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article