25 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံ အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဆားလင်းကြီးတွင် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံ အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံ အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးလျက်ရှိပြီး လက်ရှိချိန်တွင် ဆားလင်းကြီးမြို့နယ် ရွှေသမင်ရွာ၌ ရောက်ရှိနေ​ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွှေသမင်ရွာ၊ မတောင့်တာရွာ၊ မြင်းခြံဘွားရွာ၊ ဘိုက်တရက်ရွာနှင့် ညောင်ပင်ရွာတို့မှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရ​ကြောင်း သိရသည်။

” စစ်ခွေးတွေက ဓားစာခံအဖြစ် ၁၅ယောက်လောက် ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ မိုးကြိုးပြင်ရွာက ပြည်သူတွေလို့သိရတယ်။ အကြမ်းဖက် စစ်ခွေးတွေ အခု ရွှေသမင်ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီတပ်ချထားပါတယ်” ဟု ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article