တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေး ထောက်ပို့ အဖွဲ့များနှင့် ဒေါက်တာမီမီဝင်းဘက် တို့ တွေ့ဆုံ ဆွေးနွေး
ရန်ကုန်၊ ဇွန် ၁၁
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေး ထောက်ပို့ အဖွဲ့များနှင့် ဒေါက်တာမီမီဝင်းဘက် တို့ ယနေ့ ဇွန်လ ၁၁ ရက်နေ့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဒယ်ဂူးဘုန်းဘုန်းလည်း တက်ရောက်ခဲ့ပြီး လက်ရှိအခြေအနေတွင် နွေဦးတော်လှန်ရေးအောင်မြင်ရန် ထောက်ပို့လုပ်ငန်းသည် ၆၀ ရာခိုင်နှုန်း အဓိကကြကြောင်းနှင့် ထောက်ပို့ပေးခြင်းကို ပိုမိုလုပ်ဆောင်ရန် ဟောပြောခဲ့ကြောင်း သိရှိရသည်။