26 C
Yangon

MDY PDF စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနှင့် တွေ့ဆုံခြင်း အပိုင်း ၂ (နိဂုံး)

Must read

“တရုတ်ကတော့ သူ့ရဲ့ ဗျူဟာအရ နိုင်မယ့် မြင်းကို လောင်းမယ်။ အခုကတော့ ဘာဖြစ်နေလဲဆိုရင် မြင်း ၂ ကောင်လုံးက သူ့မြင်းတွေချည်းပဲပေါ့။ မင်းအောင် လှိုင် နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ရောင်နီလာခါနီးအချိန်ကို ရောက်နေပြီ။ အဲဒီတော့အခုအချိန်ဟာ အမှောင်မိုက်ဆုံးအချိန်လို့ ပြောချင်တယ်။ ဒီအချိန်ခဏလေးကို သည်းခံပြီး ကျော်ဖြတ်ပေးပါ တောင့်ခံထားပေးပါ”

MDY PDF စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနှင့် တွေ့ဆုံခြင်း အပိုင်း ၂ (နိဂုံး)

By ရန်ကုန်ခေတ်သစ်

စစ်အာဏာရှင် ကျဆုံးရေးဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တိုက်ပွဲတွေကို ထိပ်ဆုံးကနေ အင်အားကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့က သပိတ်အင်အားစု လူငယ်တွေက အခုဆိုရင် အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေပြီ ဖြစ်ပါတယ်။

တပ်သားပေါင်းများစွာနဲ့ စုဖွဲ့မှုခိုင်ခိုင်မာစွာဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးအဖြစ်နဲ့ စစ်အာဏာရှင်ကို ကြံ့ကြံ့ခံတော်လှန်နေတာ ၂ နှစ်ကျော်လာပြီပဲ ဖြစ်ပါတယ်။ မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရဖို့အတွက် လူငယ်တွေဟာ အသက်ကို ပဓာနမထားဘဲ ရှေ့တန်းကနေ ရွံ့ရွံ့ချွံ့ချွံ့တော်လှန်နေတာပဲ ဖြစ်ပါတယ်။

အခုလို မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြည်တော် ပြန်ဝင်နိုင်ရေးစစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ ပြည်တော်ဝင် ပရောဂျက်အကြောင်း ၊ အကြမ်းဖက်စစ်တပ်ကို ရက် ၂၀ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်သား ၁၀၀ ကျော် ကျဆုံးခဲ့တဲ့ သပြေညို စစ်ဆင်ရေးအပါအဝင် စစ်ဆင်ရေးတွေ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော် မန္တလေးရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခ့ ကိုမုန်တိုင်းကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

မေး။ ။ တော်လှန်ရေးကလည်း ၂ နှစ်ကျော်လာပြီဖြစ်တဲ့အတွက်ကြောင့် ဒီ ၂ နှစ်တာ ကာလအတွင်းမှာ အစ်ကိုတို့ ဒီ MDY PDF အနေနဲ့ တိုက်ပွဲပေါင်းဘယ်လောက်အထိကို တိုက်ခိုက်ပြီးပါပြီလဲရှင်။ စစ်ခွေးတွေကိုရော ဘယ် လောက်အထိ ရှင်းလင်းနိုင်ခဲ့ပါသလဲ ။ အခုဆိုရင် မန္တလေးမြို့နဲ့ အနီးဆုံးမှာ MDY PDF ရှိနေပြီးပြီ ။ အဲဒီတော့ ပြန်လာဖို့ကလည်း နီးလာပြီလား ။ ပြည်သူတွေဘက်က ဒီလိုမျိုးအခြေအနေ ဒီလိုမျှော်လင့်ချက်တွေက ရှိနေတဲ့ ဒါကိုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်ရှင်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ဘယ်တော့လောက်များ မန္တလေးမြို့ကြီးကနေ ကြိုဆိုနိုင်တော့မလဲရှင့်။

ဖြေ။ ။ ကျွန်တော်တို့ MDY PDF က စတင်စုဖွဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မိုးကုတ်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂွေးပင်တပ်စခန်း တိုက်ပွဲပေါ့။ ပထမဆုံး ထိုးစစ်ပေါ့။ အဲဒီ တိုက်ပွဲကတော့ တော်တော်လေးလည်း ပြင်းထန်တယ်လို့ ပြောလို့ရတယ်။

ဂွေးပင်တပ်စခန်းကို ၃ ပုံပုံ ၂ ပုံခွဲလောက်အထိ သိမ်းပိုက်ပြီးပြီ။ ရန်သူ စစ်ကူက အရမ်းမြန်တော့ ကျွန်တော်တို့တွေ ပြန်ဆုတ်ပေးလိုက်ရတယ်ပေါ့။ ဒါက ကျွန်တော်တို့ MDY PDF က စခဲ့တယ်ပေါ့။ ဒါကတော့ တပ်ရင်းတပ်ဖွဲ့အနေနဲ့ ဗျူဟာမြောက်တိုက်ပွဲတွေ စဖော်တာ။ အဲဒီနောက်မှာတော့ စဉ့်ကူးစစ်ဆင်ရေးတို့ မာရီယာစစ်ဆင်ရေးတို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်တာတွေ ရှိတယ်။ အဲဒီဟာတွေဆိုရင်လည်း တိုက်ပွဲငယ်တွေ အကြိမ်ရေတွေ အများကြီးဖြစ်တယ်။

အဲဒီလိုပဲ operation ဝါဆို ဆိုပြီးတော့လည်း စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့တာရှိတယ်။ အဲဒီနောက်မှာတော့ အားလုံးသိတဲ့ သပြေညို စစ်ဆင်ရေးဆိုပြီးတော့ ရှိတယ်။ အများစုကတော့ ဂွေးပင်တိုက်ပွဲကတော့ ထိုးစစ်ပေါ့။ အဲဒီနောက်ကဟာတွေက အကြမ်းဖျင်းအားဖြင့် ပြောရရင် ခံစစ်သဘောမျိုးနဲ့ ခုခံစစ်ကနေ စခဲ့ပါတယ်။ စုစုပေါင်း ဆိုရင်တော့ တိုက်ပွဲပေါင်းအကြိမ်ရေ ၃၀ ကျော်အထိတော့ ဖြစ်ခဲ့ပြီးပါပြီ။ ဒါတင်ပဲလားဆို‌တော့ မကပါဘူး။

ကျွန်တော်တို့တွေက မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုတွေလည်း ရှိပါတယ်။ အားလုံးလည်း သိပြီးဖြစ်တဲ့ မန္တလေးမြို့ထဲမှာ စကစခန့် ဝန်ကြီးချုပ် မျိုးအောင်ပေါ့ ။ သူ့ကို ကျွန်တော်တို့ မြို့လည်ခေါင် လုပ်ကြံသတ်ဖြတ်တဲ့ဟာမျိုးကိုလည်း မြို့ပြစစ်ဆင်ရေးအနေနဲ့ လုပ်ခဲ့ပါတယ်။ စောစောက ကျွန်တော်တို့ အဖွဲ့အစည်းအကြောင်း မိတ်ဆက်အနေနဲ့ ပြောသလို မြို့ပြစစ်ဆင်ရေးတွေ ဆိုရင်လည်း MSDF ဆိုပြီး နာမည်နဲ့ သတင်းထုတ်ပြန်မှု မရှိဘဲနဲ့ လုပ်ဆောင်ခဲ့တာတွေ အများကြီး ရှိပါတယ်။

အဲဒီတော့ ကျွန်တော်တို့ရဲ့ စဉ်းစားချက်ထဲမှာကိုက မန္တလေးတိုင်းသည် နောက်ဆုံးခံတပ်ဖြစ်မယ်။ နောက်ဆုံးခံတပ်လို့ ဖြစ်ပြီဆိုမှတော့ ရန်သူဘက်ကလည်း ပြင်ဆင်ထားတာတွေ အများကြီးရှိမယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်။ အဓိကကတော့ ပညာရှင်တော့ မဟုတ်ဘူးပေါ့။ စစ်ရေးအရ အတွေ့အကြုံအများကြီးရှိတဲ့ လူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ စဉ်းစားမိသလောက် ဆွေးနွေးမိသလောက်ကတော့ အခုလောလောဆယ် အလယ်ခေါင်ပေါ့ ။

Central Command လုပ်နေတာသည် မန္တလေးတိုင်းကပဲ အဓိကထားပြီး လုပ်တယ်။ အဲဒီတော့ စစ်ပွဲတစ်ပွဲက ဒုတိယကမ္ဘာစစ်ပဲ ပြန်ကြည့်ကြည့်ပေါ့။ ဘယ်ပဲ ပြန်ကြည့်ကြည့်ပေါ့ မဟာမိတ်တွေနဲ့ ဖက်ဆစ်တွေနဲ့ တိုက်တဲ့အခါ ဖက်ဆစ် ၁သိန်းရှိလို့ ၁ သိန်းလုံးသေမှ တိုက်ပွဲက နိုင်တယ်ဆိုတာ မရှိပါဘူး။ အဲဒီလိုပဲ Central Command လုပ်နေတဲ့ လပခ ။ အထက်မြန်မာပြည်တစ်ခုလုံးပေါ့။ ဒီကနေ ထောက်ပို့တွေရော စစ်ရေးရာတွေရော ရှမ်းမြောက်ဆိုရင်လည်း ဒီဘက်ကနေ တရုတ်ပြည်နဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းတွေ ရှိမယ်။

အဲဒီလိုပဲ ဒီမြောက်ပိုင်း ကချင်ပြည်နယ်ဘက်ကို တောက်လျှောက်စစ်ရေးအရပို့မယ်ဆိုလည်း ကားလမ်းမကြီးတွေ ၊ မြစ်ကြောင်းကို အသုံးပြုပြီးထောက်ပို့တွေ လုပ်နေတာတွေ ရှိမယ်။ အဲဒီလိုပဲ စစ်ကိုင်း၊ မကွေးစသည်အားဖြင့် ဒါတွေအကုန်လုံးကို အလယ်ဗဟိုချက်မကနေ ကိုင်ပြီးတော့ လှုပ်နေတာ မန္တလေးတိုင်း။ အဲဒီလိုပဲ လေကြောင်းစစ်ဆင်ရေး။ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ သိရသလောက် နေပြည်တော်တော့ ရွှေ့သွားပြီ ။ ဒါပေမဲ့ အများစုလုပ်နေတာသည် မန္တလေး။ အဲဒီလိုပဲ သူတို့ရဲ့ တကယ့်ကို အခိုင်အမာတည်ဆောက်တာ မိတ္ထီလာလို ဟာမျိုး ။

အဲဒီတော့ ဒီလိုဟာမျိုးကို ရင်ဆိုင်ဖို့အတွက်ဆို ကျွန်တော်တို့မှာထိုက်သင့်တဲ့ ပြင်ဆင်မှု မရှိဘဲနဲ့ ကျွန်တော်တို့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီလိုဟာမျိုးကို ဆင်နွှဲနိုင်ပြီဆိုရင်လည်း ကျွန်တော် ထင်တယ်။ ရန်သူက ဒီလောက်အချက်အချာကျတဲ့နေရာတွေကို သူတို့ လက်လွှတ်ရပြီဆိုမှတော့ ကျွန်တော် ထင်ပါတယ်။ ဒီဟာက ဒီတိုက်ပွဲရဲ့ အဆုံးအဖြတ်လို့တောင် ပြောလို့ရပါလိမ့်မယ်။ ဒါ ကျွန်တော်တို့ စဉ်းစားမိတာ ။

ပညာရှင်တွေ၊ စစ်ရေးအတွေ့အကြုံရှိသူတွေ ဝါရင့်တဲ့လူအနေနဲ့ သုံးသပ်တာ မဟုတ်ပါဘူး။ ဒါကျွန်တော့်ရဲ့ အမြင်ကို တင်ပြခြင်းဖြစ်တယ်။ အဲဒီတော့ ဒီလိုမျိုးဟာကို လုပ်နိုင်ဖို့အတွက်ဆိုရင် ဘာလိုလဲလို့ မေးရင် ဘယ်တော့ကို လာမှာလဲလို့ မေးရင် အဓိကကတော့ ပြည်သူပေါ်မှာပဲ မူတည်တယ်။ စကစနဲ့ ကျွန်တော်တို့နဲ့ ယှဉ်ကြည့်ရင် ရန်သူဘက်ကတော့ လက်နက်အင်အား၊ လေကြောင်းပိုင်ဆိုင်မှု၊ လူအရေအတွက်အားဖြင့် ဆိုရင်တောင်မှ အရေအတွက်အင်အားသိန်းဂဏန်းရှိတယ် စသည်ဖြင့်ပေါ့ ရှိနိုင်တယ်။ သာနိုင်တယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။

ဒါပေမဲ့ သေချာတာတစ်ခုကတော့ ပြည်သူရဲ့နှလုံးကို မသိမ်းပိုက်နိုင်သရွေ့ကတော့ ဒီတော်လှန်ရေးက နိုင်မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဘက်မှာ ပြည်သူရှိပြီးသား ။ စစ်ပွဲတွေရဲ့ အောင်နိုင်ရခြင်းအကြောင်းခြင်းရာ အများကြီး ရှိပါတယ်။ အဲဒီထဲမှာက ဘာကို ပြောမလဲလို့ ပြောရင် အဓိကက လျင်မြန်ဖြတ်လတ်မှု အများကြီး အခြေခံတာမျိုး တွေ့ရပါတယ်။ လက်နက်ကြီး အရေအတွက်ပေါ့။ ဒါမျိုးကွာလွန်းရင်လည်း အလုပ်မဖြစ်ဘူး။ လူတွေတော့ ရှိတယ် လက်နက်က ထိထိရောက်ရောက် အသုံးမချနိုင်ဘူးဆိုရင် အဲဒီလက်နက်က အလကားပါ။

အဲဒီတော့ လေကြောင်းစစ်ဆင်ရေးလိုဟာမျိုး ဥပမာ တစ်ခုပြောမယ်။ ကျွန်တော်တို့နဲ့ ပြင်ဦးလွင်နဲ့ ကပ်ပြီးတော့ ဖြစ်တာပဲ။ နာရီဝက်လောက်နဲ့ ဆိုင်ကယ်မောင်းသွားရင် ပြင်ဦးလွင်ရောက်ပြီ။ အဲဒီနေရာမှာဖြစ်တော့ သူတို့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်တယ်။ အဲဒီတော့ ကျွန်တော့် ရဲဘော်တွေတော့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျတာ တစ်ယောက်မှ မရှိဘူး။ အလွန်ဆုံးဒဏ်ရာရတယ်ဆိုရင်တောင် မပြင်းထန်တဲ့ ဒဏ်ရာ ၂ ယောက် ၊ ၃ ယောက်လောက်ပဲရှိတယ်။ ဆိုလိုချင်တာက ဘယ်လောက်ပဲ လက်နက်အင်အားသာလွန်နေပါစေ။ ထိထိရောက်ရောက်အသုံးမချနိုင်ဘူးဆိုရင် ဒီဟာက ဘာမှ အရေးမပါဘူး။

အဲဒီလိုပဲ နောက်တစ်ခုကတော့အရေအတွက် ။ ပြန်ပြီးတော့ Compare လုပ်မယ်။ ကျွန်တော်တို့ PDF က တစ်နိုင်ငံလုံးမှာ ရှိတဲ့ PDF တွေကို ပြန်ကြည့်ရင် အများစုသည် လူငယ်တွေ အများစု ။လူငယ်တွေ အများစုဖြစ်တဲ့အတွက်ကြောင့် ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်းမှာပဲ ရှိတယ်။ တကယ့်ကို သန်တုန်းမြန်တုန်း ဖြတ်လတ်တဲ့ ဒီဟာတွေကို လေ့ကျင့်ရေးပြည့်ဝတဲ့ အနေအထားဖန်တီးပေးနိုင်တယ်ဆိုရင် ကျွန်တော် ခုနပြောတဲ့ လျင်မြန်ဖြတ်လတ်မှုဟာ စစ်ပွဲတွေရဲ့ အရေးပါမှုထဲမှာ ကောင်းကောင်းဗျူဟာမြောက်သုံးလို့ရတယ်။

ရန်သူတပ်ကို ပြန်ကြည့်ရင် အရေအတွက်အားဖြင့် သိန်းဂဏန်းသောင်းဂဏန်းရှိကောင်းရှိလိမ့်မယ်။ အတွေ့အကြုံအားဖြင့်လည်း ကျွန်တော်တို့ထက် ပိုကောင်းပိုလိမ့်မယ်။ အများစုက အိုနာကျိုးကန်းတွေ။ အိုနာကျိုးကန်းနဲ့ အရေအတွက်ပဲ ရှိနေတဲ့ Quality မရှိတဲ့တပ် ရင်ဆိုင်တဲ့အခါမှာ ကျွန်တော်တို့က Quality ရှိထားပြီးသား လူငယ်အများစု။ စစ်ပွဲတွေ အရေးပါမှုမှာ လျင်မြန်ဖြတ်လပ်မှုက အရေးပါပါတယ်။ ဒီလိုမျိုး အရေးပါမှုတွေကို အဓိက ပိုင်ဆိုင်ထားတာ ကျွန်တော်တို့ PDF တွေက ပိုင်ဆိုင်ထားတာ။

အဲဒီတော့ ဒီတိုက်ပွဲက နိုင်ကို နိုင်မှာ။ စစ်အာဏာရှင်ကို ကျွန်တော်တို့ ကောင်းကောင်း မောင်းထုတ်နိုင်တယ်။ ကောင်းကောင်းမောင်းထုတ်နိုင်ဖို့အတွက်ဆို ကျွန်တော်တို့ ဘာတွေလိုအပ်မလဲ။ ကျွန်တော့် စကားပြန်ကောက်ရရင် လက်နက်ခဲယမ်း လက်နက်ကြီးပိုင်းက မလိုအပ်ဘူးလားဆိုရင် လိုအပ်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းဗျူဟာမြောက်အသုံးချနိုင်ဖို့လည်း လိုအပ်တယ်။

အသုံးချနိုင်ဖို့ဆိုရင် ပြည်သူလူထုရဲ့ ကူညီမှုမပါဘဲနဲ့ မရဘူး။ MDY PDF တစ်ခုတည်းကိုပဲ ကျွန်တော်ပြောပါမယ်။ ကျွန်တော်သိသလောက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အားလုံးလည်း သိပြီးဖြစ်မှာပါ …. တော်တော်လေးကို အားကောင်းတယ်။ အရင်ကထက်စာရင် PDF ဆိုရင် ကျွန်တော်တို့ရဲ့ ကြိုးစားရုန်းကန်မှုတွေကြောင့်မို့ရော မဟာမိတ်တွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်မို့ရော အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်မို့ရော လက်နက်တပ်ဆင်မှုက အားကောင်းတဲ့အဖွဲ့ ဖြစ်ပါတယ်လို့ ပြောလို့ရတယ်။ အဲဒီလိုပဲ စစ်စည်းမျဉ်းလည်း ကောင်းမွန်တယ်။

တကယ့်ကို စနစ်တကျ စုဖွဲ့ထားတဲ့ အမိန့်နာခံမှုကောင်းတဲ့ တပ်ဖြစ်တယ်။ လက်နက်တပ်ဆင်မှုဆိုရင်လည်း ရိုင်ဖယ်လိုဟာမျိုး ကျွန်တော်တို့ ရဲဘော်တိုင်းမှာ တပ်ဆင်ထားပြီးပြီ။ ဒါပေမဲ့ ပြည်သူလူထုကို ညှိုးငယ်သော မျက်နှာနဲ့ပဲ ပြောရရင်တော့ လက်နက်ရှိပေမယ့် ခဲယမ်းမရှိရင်လည်း ဘာမှ လုပ်လို့ မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့မှာ လိုအပ်တဲ့ ခဲယမ်းဖြည့်တင်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုပဲ ဗျူဟာမြောက်လက်နက်လိုတယ်။ ဗျူဟာမြောက်လက်နက်ဆိုတာ အများကြီး မလိုပါဘူး။ ကျွန်တောတို့ RPG 7 လိုဟာမျိုး၊ ၆၀ လိုဟာမျိုး၊ နောက်ဆုံး ပွိုင့် 5 လို ဟာမျိုး။ စသည်အားဖြင့် ဒါမျိုးတွေ ဖြည့်တင်းဖို့လိုအပ်တယ်။ အဲဒီလိုပဲ ၁၀၀ မမ ဆိုလည်း ၁၀၀ မမ ကျည်လို ဟာမျိုးဖြည့်တင်းဖို့ လိုအပ်ပါတယ်။

ဒီတိုက်ပွဲရဲ့ တချို့ ဖြည့်တင်းဖို့ လိုအပ်တာက ဒီဗျူဟာမြောက်လက်နက်ကို ကောင်းကောင်းကျွမ်းကျင်စွာ ပိုင်နိုင်စွာ အသုံးချနိုင်တယ်ဆိုရင် တိုက်ပွဲတွေရဲ တစ်ဆစ်ချိုး အပြောင်းအလဲတွေအများကြီး အရေးပါတယ်။ ဒီလိုမျိုးတွေဖြည့်တင်းနိုင်ဖို့ အဓိက အရေးအကြီးဆုံးက ငွေဖြစ်ပါတယ်။ ငွေကြေးလိုအပ်ချက် အင်မတန်မှကို များပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုကို ထပ်ပြီးတော့ အရင်က ပြောတဲ့အတိုင်းပြောရရင်တော့ ကျွန်တော်တို့ ပြည်သူလူထုမှာ အခက်အခဲအများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒဏ်ဆိုရင်လည်း ကိုဗစ်ဒဏ်ကိုလည်း အလူးအလဲခံရတယ်။

အဲဒီလိုပဲ စကစ မင်းအောင်လှိုင်ရဲ့ တကယ့်ကို အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာကောက်ကျစ်မှုတွေကြောင့်မို့ စီးပွားရေးဆိုလည်း အလူးအလဲခံရတယ်။ စီးပွားရေးဆိုလည်း အကုန်လုံးနည်းပါး PDF ရဲဘော်တွေအနေနဲ့ ပြည်သူလူထုထံက လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့အတွက် အကူအညီတောင်းရတာ အားလည်း နာပါတယ်။

တကယ်လည်း ညှိုးငယ်ပါတယ်။ ကျွန်တော်တို့က အခုလောလောဆယ် ပြည်တော်ဝင် ပရောဂျက်ဆိုပြီး လုပ်နေတာရှိတယ်။ ပြည်တော်ဝင်ပရောဂျက်ကိုလည်း တတ်နိုင်သမျှ ပါဝင်အားဖြည့်ကြဖို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြို့ကို ကျွန်တော်တို့ ဘယ်တော့ ပြန်သိမ်းမလဲ။ ကျွန်တော်တို့ မြို့ကို ဘယ်တော့ ပြန်ပိုင်ရမလဲဆိုရင် အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဖိတ်ခေါ်တဲ့ နေ့ပါ။

ကျွန်တော်တို့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေက ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ဘဝတွေနဲ့ အသက်တွေရော နောက်တန်းမှာ ရှိနေတဲ့ မိဘပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။အဲဒီလိုပဲ ကျွန်တော်တို့ အမြန်ဆုံး အိမ်ပြန်ရဖို့အတွက် ဆိုရင် ကျွန်တော်တို့ရဲ့ အလွမ်းဝေဒနာတွေ အမြန်ဆုံ ချုပ်ငြိမ်းရဖို့အတွက်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူပေါင်းပါဝင်မှုတွေ အများကြီးလိုအပ်ပါတယ်။ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

မေး။ ။ ဒီနိုင်ငံရေးဖြစ်စဉ်တွေမှာ တရုတ်အစိုးရ ပါဝင်နေတာ ဖိအားပေးနေတာတွေကလည်း အကုန်လုံးပဲ မျက်မြင်တွေ့ရှိနေရတာ ဖြစ်တဲ့အတွက်ကြောင့် ပြီးတော့ ဒီတိုင်းရင်းသားအဖွဲ့တွေကို တရုတ်ဘက်ကနေ ဖိအားပေးနေတာတွေကလည်း ရှိနေပါတယ်။ တွေ့နေရတယ်ပေါ့နော်။ တရုတ် ပိုက်လိုင်းက ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံအလယ်ပိုင်းကနေ ဖြတ်သွားတာ ရှိတယ်။ ဆိုတော့ ဒီလိုမျိုး တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက ကြီးမားနေတဲ့အတွက်ကြောင့် တရုတ်ကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲရှင့်။

ဖြေ။ ။ အဓိကကတော့ ကျွန်တော် ထင်ပါတယ်။ တရုတ်ကတော့ သူ့ရဲ့ ဗျူဟာအရကိုက နိုင်မယ့် မြင်းကို လောင်းမယ်။ အခုကတော့ ဘာဖြစ်နေလဲဆိုရင် မြင်း ၂ ကောင်လုံးက သူ့မြင်းတွေချည်းပဲပေါ့။ ဘယ်မြင်းနိုင်နိုင် ငါ့မြင်းပဲ ဆိုတဲ့ အနေအထားမျိုးနဲ့ ကစားနေတာ တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရေးအရပဲ စဉ်းစား စဉ်းစား လူငယ်တစ်ယောက်အနေနဲ့ပဲ စဉ်းစားစဉ်းစား အဓိကကတော့ ဘယ်သူဆီကပဲ အကူအညီရရ ရချင်ပါတယ်။

တရုတ်အနေနဲ့ မင်းအောင်လှိုင်နဲ့ နီးစပ်တာထက်စာရင် ကျွန်တော်တို့နဲ့ နီးစပ်ရင်တော့ အကောင်းဆုံးပဲ။ တရုတ်နိုင်ငံ ပေကျင်းအစိုးရကို အဓိကတိုက်တွန်းချင်တာက ကျွန်တော်တို့ပြည်သူ့ရဲ့ စကားသံကို နားထောင်ပါလို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူရဲ့ ဒေါသက သိပ်ပြီးကြောက်ဖို့ကောင်းပါတယ်။ မင်းအောင်လှိုင်က အရင်တွက်ကိန်းတွေအရ ပြန်တွက်မယ်။ ဆာဗေးကြိုက်သလို ဆင်းပါ။ ကျွန်တော် ထင်ပါတယ်။

မင်းအောင်လှိုင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲဒီတော့ ဘယ်မြင်းက ဖြစ်ဖြစ် မြင်း ၂ ကောင်က ငါ့မြင်းကြီးပဲ ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့ မြင်းကိုတော့ ဒီအချိန်မှာ ပုံအောပြီး လောင်းစေချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အရမ်းကြီး ဟိုလုပ်ဒီလုပ်တွေ အရမ်းလုပ်တယ်ဆိုရင် နစ်နာမှာက ကျွန်တော် ထင်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားပဲလို့ ယူဆပါတယ်။ ဒါ ကျွန်တော်တို့ လုပ်မယ်လို့ ကျွန်တော်တို့ ဆိုလိုချင်တာ မဟုတ်ဘူး။ အဓိက က ပြည်သူရဲ့ အမျက်ဒေါသပါ ။ ပြည်သူက နွေဦးတော်လှန်ရေးကို အဓိက ဦးဆောင်တာ ပြည်သူက ဦးဆောင်တာဖြစ်တယ်။ ပြည်သူ ငြိုငြင်ပြီဆိုရင်တော့ ဘာမှ တားဆီးလို့ ရမှာ မဟုတ်ပါဘူး။ အဲဒါပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဆက်မေးချင်တဲ့ မေးခွန်းကတော့ ဒီ မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရဖို့အတွက် စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့အတွက် ပြည်တော်ဝင် ပရောဂျက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်ရှင်။ ဒီ ပရောဂျက်မှာ ပြည်သူလူထုတွေ ဘယ်လိုပါဝင်လို့ရမလဲ ။ ဒီပရောဂျက်အကြောင်းကို ပြည်သူတွေ နားလည်အောင်ရှင်းပြပေးပါဦးရှင်။

ဖြေ။ ။ ကျွန်တော်တို့ MDY PDF အနေနဲ့ ပြည်သူလူထုထံတိုက်ရိုက် အလှူခံတဲ့ Campaign ကတော့ ပြည်တော်ဝင်ပရောဂျက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပထမဆုံးပဲ လုပ်ဆောင်ခဲ့တဲ့ ပရောဂျက်ပါ။ ပြည်တော်ဝင်ပရောဂျက်ရဲ့ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ အိမ်ပြန်ဖို့ ၊ ကျွန်တော်တို့ မန္တလေး ကျွန်တော်တို့ ပြန်ရဖို့။ ကျွန်တော်တို့ မန္တလေးတောင်ကို ကျွန်တော်တို့ ပြန်ရဖို့ ။

ကျွန်တော်တို့ မန္တလေးကျုံးကို ကျွန်တော်တို့ ပြန်ရဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီရရှိလာတဲ့ ဘတ်ဂျက်တွေ ဘယ်နေရာမှာ ထုတ်ယူသုံးစွဲမလဲလို့ ပြောရင် ခုနကပြောတဲ့ အဆုံးအဖြတ်ပေးတဲ့ တိုက်ပွဲတွေ မန္တလေးတိုင်းထဲကို ဝင်ရောက်မယ့် ဗျူဟာမြောက်စစ်ဆင်ရေးတွေမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းဖို့ အဓိက သုံးစွဲမှာ ဖြစ်ပါတယ်။ အဓိကက်တော့ ကျွန်တော်တို့ ပြည်တော်ဝင်ပရောဂျက်သည် မေလ ၂၅ ရက်နေ့က စပါတယ်။ အခု ဇွန် ၈ ရက်နေ့ဆိုရင် ပြည်တော်ဝင်ပရောဂျက်ပြီးမှာ ဖြစ်ပါတယ်။ မျှော်မှန်း တားဂတ်ကတော့ သိန်း ၄၀၀၀ ဖြစ်ပါတယ်။

အခုချိန်မှာတော့ သိန်း ၂၀၀၀ မပြည့်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရရှိလာတဲ့ ငွေကြေးတွေကိုတော့ စနစ်တကျသုံးစွဲသွားမှာ ဖြစ်တယ်ပေါ့။ ပါဝင်လှူဒါန်းလို့ရတာတော့ ကျွန်တော်တို့ NUG Pay ကနေပြီးတော့လည်း ပါဝင်လှူဒါန်းလို့ရပါတယ်။ ကျွန်တော်တို့ အနယ်နယ်အရပ်ရပ်မှာ ကမ္ဘာပေါ်မှာ အသီးသီးမှာ ရောက်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရော တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးရော ကျွန်တော်တို့ မန္တလေးသားတွေရော လှူဒါန်းမယ်ဆိုရင် နိုင်ငံတကာ Fundraiser တွေကနေ လှူဒါန်းလို့လည်း ရတယ်။

NUG Pay ကနေလည်း လှူဒါန်းလို့ရပါတယ်။ ဒီ ပရောဂျက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ ပိတောက်ဖူးပေ့ကနေလည်း ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ MDY PDF ရဲ့ ပေ့တစ်ခုဖြစ်တဲ့ Bright of Mandalay ဆိုတဲ့ Facebook စာမျက်နှာကနေလည်း ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ ကျွန်တော်တို့ ပြည်တော်ဝင် ပရောဂျက်ကတော့ အဓိကကတော့ ဒီလိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့အတွက်ကို ဘဏ္ဍာငွေရှာဖွေတဲ့ ပွဲလေးဖြစ်ပါတယ်။

အမှန်အတိုင်းပြောရရင်တော့ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့အသနားခံချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတော်လေး ခက်ခက်ခဲခဲလည်း ရုန်းကန်နေရပါတယ်။ တကယ်အဆုံးအဖြတ်ပေးတဲ့ တိုက်ပွဲတွေ ခေါ်ချင်ပါတယ်။ ဒါတော့ ထပ်လောင်းပြီးပြောချင်တာက ပြည်တော်ဝင်ပရောဂျက်ကိုလည်း ပါဝင်ပေးကြပါ။

ကျွန်တော်တို့ MDY PDF အနေနဲ့ တကယ်စနစ်တကျ စည်းကမ်းပြည့်ဝတဲ့ ရဲဘော်တွေ မွေးထုတ်နိုင်ဖို့အတွက်ကိုလည်း တတ်နိုင်သမျှ ကြိုးစားပြင်ဆင်နေတာရှိတယ်။ တတ်နိုင်သမျှ MDY PDF ကိုလည်း ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ စစ်သည်ရဲဘော်အသစ်တွေကိုလည်း နွေးနွေးထွေးထွေးကြိုဆိုနေပါတယ်။ မန္တလေးကို ချစ်တဲ့ ရဲဘော်တွေ ကျောင်းသားတွေရော လူငယ်အများစုရော ကျွန်တော်တို့ MDY PDF က ဖိတ်ခေါ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းအနေနဲ့ကတော့ တော်လှန်ရေးကာလကလည်း ၂ နှစ်ကျော်လာပြီ ပြည်သူတွေဘက်ကလည်း ပြေးလွှားနေရတာတွေ စီးပွားရေးတွေ နေထိုင်ရေးတွေ ခက်ခဲနေတာတွေ ဖြစ်ပွားနေတော့ အခုလိုမျိုး ပြည်သူတွေဟာ အခြေအနေတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတော့ ပြည်သူတွေဘက်ကလည်း ပင်ပန်းနေပြီ။ တော်လှန်ရေးကလည်း ၂ နှစ်ကျော်လာပြီ ဒီလိုအခြေအနေမှာ တော်လှန်ရေးတစ်ခုလုံးကို ခြုံငုံပြီးတော့ ပြည်သူတွေကို အားအင်ဖြစ်စေမယ့် သတင်းစကားကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ကျွန်တော့် ရဲဘော်တွေနဲ့ ကျွန်တော် အမြဲတမ်းပြောဖြစ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ တော်လှန်ရေးဘယ်တော့ပြီးမှာလဲ။ တော်လှန်ရေးဘယ်တော့ပြီးမှာလဲဆိုတာ ကျွန်တော်တို့ကို မေးတာထက်စာရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးကြပါလို့ ကျွန်တော့်ရဲဘော်တွေကို ကျွန်တော် ဖြေဖြစ်ပါတယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ စကားမျိုးပဲ ဖြေဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်ထင်ပါတယ်။ တော်လှန်ရေး ဘယ်တော့ပြီးမှာလဲဆိုရင် ကျွန်တော်တို့ ဘယ်လောက် ပါဝင်နေကြလဲ ဘယ်လောက်ပူးပေါင်းပြီးတော့ တက်တက်ကြွကြွလုပ်နေလဲဆိုတာ အများကြီးမူတည်ပါတယ်။

ဒါကတော့ နံပါတ် ၁ ပေါ့။ နံပါတ် ၂ ကတော့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ဘာမှတော့ စိတ်ဓာတ်ကျစရာမလိုဘူး။ ဟိုစကားလေးနဲ့ပဲ ခိုင်းနှိုင်းချင်ပါတယ်။ ရောင်နီလာတော့မယ့်အချိန်မရောက်ခင်မှာ အမှောင်ဆုံးအချိန်က ရောင်နီလာခါနီးအချိန်ပါ။

ကျွန်တော်တို့က ရောင်နီသန်းနေပါပြီ။ အခုဖြတ်သန်းနေနတာ အမှောင်ဆုံးအချိန်ပါ။ ခဏလေး တတ်နိုင်သမျှ သည်းခံပြီးကျော်ဖြတ်ပေးကြပါ။ အဲဒီတော့ ဘယ်နေ့ပြီးမှာလဲတော့ ကျွန်တော့်အနေနဲ့ မပြောချင်ဘူး။ ပြောတယ်ဆိုလည်း တကယ်လက်တွေ့မဟုတ်ခဲ့ဘူးဆိုရင် ကျွန်တော့်တို့ ပြည်သူတွေလိမ်တာမျိုးကျတယ်။အဲဒီလိုမျိုးလည်း မဖြစ်စေချင်ဘူး။

သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ရောင်နီလာခါနီးအချိန်ကို ရောက်နေပြီ။ အဲဒီတော့အခုအချိန်ဟာ အမှောင်မိုက်ဆုံးအချိန်လို့ ပြောချင်တယ်။ ဒီအချိန်ခဏလေးကို သည်းခံပြီး ကျော်ဖြတ်ပေးပါ တောင့်ခံထားပေးပါ။ ဒါက မကြာခင်မှာ ရောင်နီလာတော့မယ့် အရိပ်အရောင်ဆိုတာ မမေ့ပါနဲ့ ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ စစ်မီးလျှံက စစ်ရန် အန္နိဌာရုံက မိမိတို့ရဲ့ အိမ်တံခါးဝတွေကို ခေါက်လာနိုင်တယ်။ ဒီအတွက်ကိုလည်း စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာ အရရော ကြိုတင်ပြင်ဆင်ထားကြဖို့ ဒီနေရာကနေ တတ်နိုင်သမျှ တိုက်တွန်းချင်ပါတယ်။

ဘာကြောင့် ဒီစကားကို တိုက်တွန်းလဲဆိုရင် စစ်ရဲ့ အန္နိဌာရုံကိုပေးတာ ကျွန်တော်တို့ PDF တွေက မဟုတ်ပါဘူး။ ရန်သူက ပေးမှာ ။ ရန်သူကတော့ ကြွက်မနိုင် ကျီမီးရှို့ ။ ဒါတစ်နိုင်ငံလုံးမှာလည်း အားလုံးမြင်တွေ့ပြီးသား။ သူတို့ တိုက်ပွဲရှုံးရင် မီးရှို့တယ်၊ ပြည်သူကို ရက်ရက်စက်စက်သတ်တယ်။

လူမဆန်စွာ အကုန်လုပ်ပါတယ်။ ခုနစကား စောစောကဖြေခဲ့တဲ့ စကားအတိုင်းပြန်ပြောရရင် ကမ္ဘာပေါ်မှာ ဒုတိယအဆိုးရွားဆုံး အရက်စက်ဆုံးအာဏာရှင်ပါ။ ဘယ်ဟာမဆို အကုန်လုပ်မယ့်ကောင်ပါ။ သူတို့နောက်ဆုံးခွေးတိုးပေါက်ကနေ တိုးပြေးရမယ် ဆိုရင်တောင်မှ ရှိသမျှ အနီးအနားမှာ အကုန်ကိုက်သွားမှာ။

ဆိုလိုချင်တာက နောက်ဆုံးထွက်ပြေးရမယ်ဆိုရင်တောင်မှ အလှူပွဲထဲ ခွေးရှုးဝင်လာသလို ဖြစ်လာလိမ့်မယ်။ အဲဒီအတွက်ကြောင့်မို့ တတ်နိုင်သမျှ ပြင်ဆင်ထားပါ။ အဲဒီတော့ မကြာခင်မှာ စစ်မီးမီးလျှံတွေ တောက်လောင်ဖို့ များပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အောင်ပွဲကလည်း အင်မတန်မှ နီးနေပါပြီ။

အဲဒီတော့ ရန်သူက ရှုံးရင် ကျွန်တော်တို့ ပြည်သူတွေကို ရှုံးမည်း မည်းလာမယ့် ဟာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကတော့ ပြည်သူကိုဦးထိပ်ပန်ဆင်ထားတယ်။ ကျွန်တော်တို့ ကျင့်ကြံရမယ့် ကျင့်ဝတ်တွေ စစ်သည်ကျင့်ဝတ်တွေ ပြည်သူအပေါ်ကျင့်ကြံရမယ့် ကျင့်ဝတ်တွေက အစ ခါးဝတ်ပုဆိုးလိုမြဲအောင် စစ်သားသီလကို မြဲအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။

ကျွန်တော်တို့ကတော့ ပြည်သူကို ဒုက္ခပေးမယ့် သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရန်သူက ဒုက္ခပေးမယ့် သူပါ။ အဲဒီတော့ မိမိအိမ်တံခါးဝကို စစ်မီးလျှံတွေ စစ်ရဲ့အန္နိဌာရုံတွေ ခေါက်လာပါလိမ့်မယ်။ အဲဒီအတွက်ကို စိတ်ပိုင်းရော ရုပ်ပိုင်းရော ပြင်ဆင်ထားကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article