26 C
Yangon

တနင်္သာရီမြို့နယ်၊ ဥယျာဉ်တဲကျေးရွာမှ လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဇွန် ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဥယျာဉ်တဲကျေးရွာမှ လူငယ် ၄ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ -တနင်္သာရီမြို့နယ် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန် ၉ ရက် နေ့က အင်အား ၁၀၀ ကျော်ဖြင့် ဘန်းလမွတ်ကျေးရွာ၊ ကျွဲသုံးပေါင် တောင်ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့အားလုံးမှ ခုခံတိုက် ခိုက်နိုင်ရန် စောင့်ဆိုင်းနေစဉ် အကြမ်းဖက်စစ်သားများမှ ဆက်လက်စစ်ကြောင်းထိုးလာခြင်းမရှိပဲ ဥ ယျာဉ်တဲရွာမှ လူငယ် ၄ ဦးကို ဖမ်းဆီးပြီး ပြန်လည် ဆုတ်ခွာသွားသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိ ကြောင်း သိရသည်။

“သူတို့က ဒူးရင်းသီးရှာပြီး အပြန်၊ သူတို့တဲမှာ ဖုန်းအားသွင်းဖို့ အသွား ဖမ်းခံလိုက်ရတာ၊ ဆယ်ကျော် သက်လူငယ်လေးတွေပဲ၊ ဇဝဲလမ်းဆုံက တပ်ထဲကို ဖမ်းခေါ်သွားတယ်၊ အခြေအနေ မသိရသေးဘူး၊ စစ်တပ်က လက်နက်ကြီးတွေပစ်ပြီး စစ် ကြောင်းထိုးလာနိုင်လို့ ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ် တပ်နဲ့အနီးကပ်နေထိုင်ခြင်းမပြုကြဖို့ မေတ္တာ ရပ်ခံတောင်းဆိုချင်ပါတယ်” ဟု ဘက်မလိုက်ပြောက် ကျားတပ်ဖွဲ့ -တနင်္သာရီမြို့နယ် မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၆ ရက်နေ့ ချောင်းညီကို ကျေးရွာဘုန်းကြီးကျောင်း၌ အကြမ်းဖက်စစ်သားများ တပ်စွဲထားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ အသေအပျောက်များပြီး အင်အားအလုံး အရင်းဖြင့် ထပ်မံစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သဖြင့် လိုအပ် လျက်ရှိသော လက်နက်ခဲယမ်းနှင့် ကျည်များကို မိဘပြည်သူများနေဖြင့် တတ်နိုင်သမျှဝိုင်းဝန်းပါဝင် လှူဒါန်းပေးကြပါရန်နှင့်အကြမ်းဖက်စစ်အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် ပါဝင်ထောက်ပံ့ ပေးကြပါရန် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ -တနင်္သာရီမြို့နယ်မှ မေတ္တာရပ်ခံထားသည်။

Photo – ရန်ကုန်မှာ လူငယ် ၂ ဦးကို ဖမ်းဆီးစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article