26 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက် ရရှိဟု MOD က တရားဝင် ထုတ်ပြန် ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက် ရရှိဟု NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) က တရားဝင် ထုတ်ပြန် ကြေညာသည်။

ဇွန်လ ၉ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ် အချိန် မှ ည ၇ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စခန်းမှူး ရဲအုပ် ဇော်ဌေးမြင့် ဦးစီးသော အင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို စခန်းသိမ်း တိုက်ပွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၂ ဦးကျဆုံးကာ MA-13 ၂ လက်၊ G-3 (BA-63) ၄ လက်၊ Shotgun ၁ လက်၊ 7.62 ကျည် ၂၀၄၀ တောင့်၊ 5.56 ကျည် ၅၀ တောင့်၊ 9MM ကျည် ၅၀၀ တောင့်၊ M-79/40 MM ဗုံးသီး ၂၉ လုံး၊ နာနတ်သီးလက်ပစ်ဗုံး ၁၃ လုံး၊ ငွေကျပ် တစ်ရာ့တစ်ဆယ့်လေးသိန်း ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၊ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲအပြီးတါင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ တက်လာသော MI-35 ၁ စီးဖြင့် ရန်သူ့တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ညောင်ပင်ကြီးရဲစခန်းအား အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article