29 C
Yangon

အမေရိကန်ပြည်ထောင်စု၊ ပြည်နယ် နှစ်ခုတွင် CRPH ဥက္ကဋ္ဌ နှင့် NUG ဝန်ကြီးများက မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ

Must read

အမေရိကန်ပြည်ထောင်စု၊ ပြည်နယ် နှစ်ခုတွင် CRPH ဥက္ကဋ္ဌ နှင့် NUG ဝန်ကြီးများက မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၁၂

အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်နှင့် Indiana ပြည်နယ်တို့တွင် CRPH ဥက္ကဋ္ဌ နှင့် NUG ဝန်ကြီးများက အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံကြောင်း သိရှိရသည်။

ဇွန် ၁၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့မှာ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နှင့် ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့က မြန်မာကွန်မြူနီတီနှင့်တွေ့ဆုံကြသည်။

အဆိုပါတွေ့ဆုံပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲရွေးကောက်ခံအမတ် ဒေါက်တာတင့်ဆွေ၊ ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းမောင် (ကွယ်လွန်) ၏ သား၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံအမတ် ဦးဇော်သိန်းတို့နှင့်လည်းတွေ့ဆုံကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့တွင်၊အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊Indianapolisမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများမှ ကျင်းပပြုလုပ်သောလူထုတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနမှ ဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊သတင်းနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး ဦးထင်လင်းအောင်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ကြသည်။

သရဏမဉ္ဇူကျောင်းတိုက်တွင်ပြုလုပ်သော မြန်မာမိသားစုဝင်များတွေ့ဆုံပွဲကိုနေ့လည်(၁)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပြီး CHIN COMMUNITY OF INDIANA (CCI)မှဦးစီးကျင်းပသောတွေ့ဆုံပွဲကို ညနေ(၆)နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲများတွင်CRPH နှင့်NUG အဖွဲ့တို့မှ တာဝန်ရှိသူများမှ မြန်မာပြည်တွင်ဖြစ်ပျက်နေသောအခြေနေများ၊ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့် အနာဂတ်တွင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုပြန်လည်မေးမြန်း၍ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article