တနင်္သာရီဒေသတွင်း PDF စစ်ဆင်ရေးတာဝန်ခံများနှင့် တော်လှန်ရေး ရှေ့တန်းရဲဘော်များ တွေ့ဆုံဆွေးနွေး
ရန်ကုန်၊ ဇွန် ၁၂
တနင်္သာရီတိုင်းတွင် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံများနှင့်အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှေ့တန်းတပ်ခွဲများမှ ရဲဘော်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိပြီး ရှေ့တန်းရဲဘော်များ၏ အခက်အခဲများ၊လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရှိရသည်။
ထို့ပြင် အကောင်အထည်ဖော်ပြီးသည့် စစ်ဆင်ရေးများအတွင်း အားနည်းအားသာချက်များကို ဆွေးနွေးကြပြီး ဆက်လက်အကောင်အထည်ဖော်မည့်
စစ် ဆင်ရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက်လည်း အပြန်အလှန် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပုံစာ- မြိတ်ခရိုင်တပ်ရင်း(၂) ရှေ့တန်းရဲဘော်များနှင့် ဆွေးနွေးခဲ့ကြစဉ်။