31 C
Yangon

နယူးဇီလန်လွှတ်တော်အမတ် နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး

Must read

နယူးဇီလန်လွှတ်တော်အမတ် နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ ဇွန် ၁၃

နယူးဇီလန် လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဗီဒီယိုကွန့်ဖရင့်မှ တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီ အပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများ တိုးမြှင့် ချမှတ်ပေး‌ရေး၊ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် တိုက်ရိုက် ပံ့ပိုးကူညီမှုများ ပေးအပ်ရေးနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် နယ်စပ်ရှိ မြန်မာပြည်သူများအား နိုင်ငံရေးခိုလှုံခွင့် ပေးအပ်ရေး အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး နယူးဇီလန်အစိုးရကို တိုက်တွန်းပေးရန် CRPH လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

နယူးဇီလန် အမတ်မှ CRPH နှင့် လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီပေးအပ်နိုင်ရေးအပါအဝင် အစိုးရအား ဆောင်ရွက်ရန် တိုက်တွန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ဆက်လက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် တွေ့ဆုံချိတ်ဆက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ ၁၄၆ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း CRPH ကထုတ်ပြန်ထားသည်။

နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘာရိန်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၄၆ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် စစ်တပ်မှ အရပ်သားအစိုးရအား ဖယ်ရှားခဲ့မှုအပေါ် ကမ္ဘာကြီးက မေ့ပျောက်မထားရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article