34 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇွန် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဇရပ်ကြီးမြို့ အခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်းမှာ စစ်သားမိန်းမတွေကို စစ်သင်တန်းပေးပြီး လက်နက်ကြီးနဲ့ လက်တွေ့ပစ်ခတ် ခိုင်းတဲ့အချိန် ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်တဲ့ စစ်သားမိန်းမ သင်းသင်းမော် အပါအဝင် အရာရှိ၊ စစ်သည် တွေ အများအပြား သေသွားကြတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

– ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာရှိတဲ့ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးအနီးမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ-အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် အကြမ်းဖက် စစ်ကော်စီတပ်က ရငဲရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article