29 C
Yangon

အမေရိကန်နိုင်ငံ၊ ဆန်ခရမ်မဲန်တိုမြို့တွင် Burma Day အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

အမေရိကန်နိုင်ငံ၊ ဆန်ခရမ်မဲန်တိုမြို့တွင် Burma Day အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၃

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် ဆန်ခရမ်မဲန်တိုမြို့ရှိ ပြည်နယ် လွှတ်တော် အဆောက်အဦးရှေ့တွင် Burma Day အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-အမေရိကန် လူငယ်များနှင့် ကယ်လီဖိုးနီးယား လွှတ်တော်အမတ်များ တွေ့ဆုံခဲ့ကြကြောင်း၊ တွေ့ဆုံပွဲတွင် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Senator Benjamin J Allen နှင့် Senator Dave Cortese တို့လည်း တက်ရောက်ခဲ့ကြပြီး မြန်မာပြည်သူတို့၏ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးထောက်ခံ အသိအမှတ်ပြုကြောင်း၊ မြန်မာပြည်တွင်းမှ မြန်မာပြည်သူများသာမက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသော ကယ်လီဖိုးနီးယားရှိ မြန်မာများ ပြည်ပရောက်မြန်မာများနှင့်ပါ အတူရပ်တည်လျက်ရှိနေပါကြောင်း အားပေး စကား ပြောကြားခဲ့သည်ဟု သိရှိရသည်။

အမေရိကန် အုပ်ချုပ်ရေးစနစ်တွင် မြန်မာလူငယ်တွေ ပါဝင်လာရန်နှင့် မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အမေရိကန်နိုင်ငံသားများအား အသိပေးရန် ရည်ရွယ်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ထိုတွေ့ဆုံပွဲကို ဆန်ခရမ်မဲန်တိုမြို့၊ ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်နှင့် ပြည်နယ်တောင်ပိုင်း လော့အိန်ဂျလိစ်မြို့မှ မြန်မာ-အမေရိကန် လူငယ်များနှင့်မိသားစု ၇၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article