Khit Thit သတင်းဌာန၏ ဇွန် ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီပြည်မှာ ပြန့်ကျဲနေတဲ့ အုပ်ချုပ်ရေး နဲ့ လက်နက်ကိုင်အဖွဲ့အားလုံးစုစည်းဖို့အတွက် အစိုးရအဖြစ် ဖွဲ့စည်းမှာဖြစ်ပြီး အဲ့ဒီ့လို ဖွဲ့စည်းတာဟာ ခွဲထွက်ဖို့ မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင် စုကြီးရဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် ရပ်တည်မှာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ရှိ သူတွေက ပြောလိုက်ပါတယ်။
– မွန်ပြည်နယ်၊ သထုံမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၄၀၂ အမြောက်တပ် တို့ကို KNLA ၊ PDF ၊ သထုံပကဖ နဲ့ ဘီးလင်း ပကဖ ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်မှု ကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တဲ့ အမြောက်တပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆိုသူဟာ ဆေးကုသ မှုခံယူရင်းနဲ့ သေသွားပြီဖြစ်တယ်လို့ သထုံ ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာအုပ်စုမှာရှိတဲ့ သိမ်တော်-ရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဒီကနေ့ ဇွန် ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။