စလင်းမြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၁၅
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မုံရွာ-ပုသိမ်ကားပိုင်းရှိ ခင်ပလူရွာအနီးတွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့်ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ် ရင်း (PDF-Salin)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ဇွန်လ ၁၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က စလင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းဘေး လင်ပလူရွာ ဘက်သို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်သား ၁၅ ဦး လိုက်ပါလာသည့် လိုက်ထရပ် ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးကို လက်နက်ငယ်များဖြင့် ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ၇ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခွေးတွေက ကန်ပြားရဲရွာရဲစခန်းကနေ လာတာပါဗျ၊ ခင်ပလူရွာကို လာမယ်ဆိုတာ သတင်းရလို့ လမ်း ကနေ ကျနော်တို့ပြောက်ကျားဝင်တိုက်ခိုက်ခဲ့တာပါဗျ၊ တိုက်ပွဲက ၁၀ မိနစ်လောက်ပဲကြာတယ်၊ ကျည် မလုံလောက်လို့ ပြန်ဆုတ်ခဲ့ရတာဗျ၊ ရဲဘော်တွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါ တယ်ဗျ” ဟု Salin PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၃ နှင့် ဒေါင်းညီနောင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။