32 C
Yangon

စစ်ကိုင်းမြို့နယ် ၊ဆားတောင်မြို့အနီးတွင် ၃ ရက်တာ ဖြစ်ပွားသော တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အရာရှိ အပါအဝင် ၃၀ ကျော်သေဆုံး

Must read

စစ်ကိုင်းမြို့နယ် ၊ဆားတောင်မြို့အနီးတွင် ၃ ရက်တာ ဖြစ်ပွားသော တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အရာရှိ အပါအဝင် ၃၀ ကျော်သေဆုံး

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ဆားတောင်မြို့အနီးတွင် ၃ ရက်တာ ဖြစ်ပွား သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်းဒေသကာကွယ်ရေးခေါင်းဆောင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဆားတောင်မြို့အနောက်ဘက်၊ ပေါက်မတောင်ရွာနှင့် သာဇင်ရွာအနီးတွင် ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ၃ ရက်တာကာလ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အင်း ၂၀၀ နီးပါးခန့် ပါဝင်သော တော်လှန်ရေး တပ်ဖွဲ့ များဘက်မှ အထူးကွန်မန်ဒိုတပ်သားအနည်းငယ်က ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Zeroပြောက်ကျား တပ်ဖွဲ့တပ်ရင်း မှူးကိုသက်ကြီးက ပြောဆိုသည်။

“တိုက်ပွဲက ဇွန် ၁၃ ရက်နေ့ ၁၀နာရီအချိန်ကစဖြစ်တာပါ။ ကျနော်တို့ဘက်က စစ်ကောင်စီတွေကို လက်နက်အင်အားမယှဉ်နိုင်လို့ ပြောက်ကျားစနစ်နဲ့ အခုလိုတိုက်ခိုက်ရတယ်။ ခွေးတွေ ၂၀ကျော်သေတယ်။ သေတဲ့ စစ်ခွေးတွေမှာ စစ်ကြောင်းမှူးပါတယ်လို့သိထားတယ်။ ကျနော်တို့ တော်လှန်ရေးဘက်က ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့တယ်။စစ်ကောင်စီဘက်ကတော့ လတ်တ လော ပေါက်မရွာကို မီးရှို့နေတယ်” ဟု Zeroပြောက်ကျားတပ်ဖွဲ့တပ်ရင်းမှူး ကိုသက်ကြီးက ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းသည် ဝက်လက်မြို့နယ်အတွင်းမှ စတင် စစ်ကြောင်း ထိုးလာ ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အတွင်းသို့ ရောက်ရှိ မွှေနှောက် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီစစ်ကြောင်းက ဝက်လက်မြို့နယ်ထဲကို ပတ်မွှေနေတဲ့စစ်ကြောင်းပါ။ ဝက်လက် မြို့နယ်ကနေ စစ်ကိုင်းမြို့နယ်၊ဆာတောင်ရွာမှာ ယာယီတပ်ဆွဲပြီး ဇွန် ၁၃ ရက်နေ့က စပြီး စစ်ကြောင်းပြန်ထိုးတယ်။ စစ်ကြောင်း ကဆားတောင် မြို့အနောက်ဖက်ကို စပြီး စစ်ကြောင်းပြန်ထိုးတာပါ။ အဲဒီမှာ တိုက်ပွဲစဖြစ်တာ။ ဇွန်၁၃ရက်နေ့ မနက်ခင်းတိုက်ပွဲက ခွေး ၁၀ ကောင်ရတယ်။ဇွန် ၁၄ ရက်နေ့က စစ်‌ခွေး ၇ ကောင်ထပ်ရတယ်။ ဒီနေ့ဇွန်လ ၁၅ ရက်နေ့ တိုက်ပွဲကတော့ကြီး တယ်ဗျ။ လက်ရှိသိထားသလောက်တော့ စစ်ခွေးတွေဘက်ကတော့ စစ် ကြောင်းမှူး အပါဝင် ‌စစ်ခွေး၂၀ကျော်သေဆုံးတယ်။၂၀ကျော်ဒဏ်ရာရတယ်။ ဒီနေ့တိုက်ပွဲက ပေါက်မတောင်ရွာအနီးမှာ ဖြစ်တာ။ကြိုတင် နေရာယူ ပြင် စဉ်ပြီးမှတိုက်တာဆိုတော့ ပွဲကတော့လှတယ်။တိုက်ပွဲ ၃ရက်ပေါင်း ဆိုရင် ခွေးအကောင် ၃၀ ကျော်အထိရယူနိုင်ခဲ့တယ်” ဟု Zeroပြောက်ကျားတပ် ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက ဆက်လက်ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ နှင့် ဆားတောင်မိုးကြိုးLPDFအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Zero ပြောက်ကျားတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article