27 C
Yangon

စစ်ကိုင်းနှင့် ရေစကြိုရှိ ရဲစခန်း၊ ပျူစောထီးစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး၊ မြိုင်မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွား

Must read

စစ်ကိုင်းနှင့် ရေစကြိုရှိ ရဲစခန်း၊ ပျူစောထီးစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး၊ မြိုင်မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်း၊ မာလဲတောပျူစောထီးရွာ၊ ညောင်ငုတ်တိုပျူစော ထီးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက် နေ့လည်ပိုင်းမှ ညပိုင်းအထိ အကြမ်းဖက်စစ်သား၊ ရဲပူးပေါင်းတပ်စွဲထားသော ဆားတောင်ရဲစခန်းကို ဗုံးသီး ၂ လုံး၊ ပျူစောထီးရွာ ၂ ရွာကို ဗုံးသီး ၃ လုံးစီကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။

“သုံးနေရာကို တနေ့တည်း ဗုံးကျဲချခဲ့တာ၊ ထိခိုက်မှုတော့ မသိရသေးဘူး၊ ဆားတောင်အနီးတဝိုက်ကို စစ်ကြောင်းတွေ ထိုးပြီး မီးတွေ တအားရှို့နေလို့၊ အဲအထဲမှာ ပျူစောထီးတွေလည်းပါတယ်၊ ညောင်ငုတ် တိုရွာမှာချတာက တစ်လုံး Error တက်သွားတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix Sgg ၊ Fight For Federal ၊ Young Wolf PDF နှင့် စစ်ကိုင်းမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အကြမ်းဖက်စစ်တပ်၊ ပျူစောထီး အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၁ ဦးသေဆုံးခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၁ ရက် နံနက် အစောပိုင်း ၃ နာရီခွဲခန့်မှ စတင်၍ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၁ ဦး သေဆုံးကာ စခန်းအတွင်း ဝင်ရောက်သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း အခိုင်အမာခြံစည်းရိုးများ ပြု လုပ်ထားသဖြင့် ဝင်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော် လည်း အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သော လက်နက်ထိမှန်မှုကြောင့် ကျေးရွာနေ ပြည်သူအမျိုးသမီး တစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၁ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အ မှတ်၁ တပ်ရင်း(27 Revolution forces မြင်းခြံ)၊ မြင်းခြံခရိုင်အမှတ်၃ တပ်ရင်း၊ ပခုက္ကူခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၃ ၊ (Phoenix အထူးပြောက်ကျားတပ်ဖွဲ့)၊ BGF ၊ ဒေါင်းညီနောင်၊ မိုးရှေးဓားရမ်း၊ အမေ့လက်ရုန်း၊ ကျေးရွာတပ်ပေါင်းစု (မြောင်)၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာတန်းရှည်ရွာကို စစ်ကြောင်းထိုးလာသသည့် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း YoungForce (UG) ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်း ရွာတန်းရှည်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး လာစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်သားနှင့် ပျူစောထီးအများအပြားလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article