26 C
Yangon

သိန်းနီမြို့အနီး တရုတ်နိုင်ငံမှ လာသည့် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီးကား တိမ်းမှောက်ပြီး စစ်သား ၂ ဦးသေဆုံး

Must read

သိန်းနီမြို့အနီး တရုတ်နိုင်ငံမှ လာသည့် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီးကား တိမ်းမှောက်ပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈

ရှမ်းပြည် မြောက်ပိုင်း၊ သိန်းနီမြို့အနီး တရုတ်နိုင်ငံမှ လာသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီးကား တိမ်းမှောက်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံမှလာသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ၁၂ ဘီးကားသည် သိန်းနီမြို့ အနီး သဲတောင်အဆင်းတွင် တိမ်းမှောက်ကာ အရပ်သား ကားဆရာအဖြစ် အယောင်ဆောင်လာသည့် စစ်သား ၂ ဦး ကားခေါင်းခန်းတွင် ညှပ်၍ သေဆုံးသွားကြောင်း သိရသည်။

“သိန်းနီမြို့အနီး သဲတောင်အဆင်းမှာ ၁၂ ဘီးကား မှောက်တယ်။ ကား သမား ဟန်ဆောင်ထားတဲ့ စစ်သား ၂ ဦး ခေါင်းခန်းမှာ ညှပ်သေတယ်။ ထူးတာက စကစအတွက် လက်နက်ခဲယမ်းတင်လာတဲ့ ကားဖြစ်နေတယ်။ တရုတ်ကနေ တင်လာတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ၁၂ ဘီးယာဉ် ကားမှောက်သည့်အချိန်တွင် ပုံမှန်အတိုင်း လူမှုကူညီရေးအသင်းကားများကို မခေါ်ဘဲ ဆေးရုံကား၊ မီးသတ်ကားများနှင့် ကြိတ်သယ်ကြောင်း ၊ ကားမောင်းသူများမှာ စစ်ကောင်စီဝင်များ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ပုံမှန် သဘောရိုး ကားမှောက်ရင် လူမှုကူညီရေးအသင်းကားကို ခေါ်တယ်။ လိုင်းပေါ်တင်တယ်။ ခုက ဆေးရုံကား မီးသတ်ကားနဲ့ ကြိတ်သယ်တာ” ဟု ဒေသပြညသူတစ်ဦးက ပြောပြသည်။

ဇွန်လ ၁၇ ရက်နေ့ကလည်း ၁၂ ဘီးကား ၁၅ စီးသည် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၆ ခြေလျင်တပ်မဟာထဲကို မောင်းဝင်သွားပြီး လက်နက်ခဲယမ်းများ ဖြစ်ဟန်တူကြောင်း၊ ကားအားလုံးသည် အရပ်သားကားများ ဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article