တောင်ကိုရီးယားနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အကြို အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၈
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့နယ်၊ ဘူဖျောင်းအဝိုင်းတွင် ယနေ့ ဇွန်လ ၁၈ ရက်နေ့၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈-နှစ်ပြည့် မွေးနေ့ အကြို အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ တောင်ကိုရီးယား အခြေစိုက် မြန်မာ့ တော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ကျင်းပခဲ့ကြောင်း သိရှိရသည်။