28 C
Yangon

မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်၊ စစ်တပ်နှင့် ဆက်နွယ်သည့် မင်္သကာဖွယ်လူ ၄ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေ

Must read

မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်၊ စစ်တပ်နှင့် ဆက်နွယ်သည့် မင်္သကာဖွယ်လူ ၄ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေ

ရန်ကုန်၊ ဇွန် ၁၈

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ အကြားရှိ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်၍ မွန်းလွဲ ၁၁ နာရီခန့်တွင် KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်း စစ်ကြောင်းတို့ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီး တစ်လျှောက်ရှိ နေရာ ၃ နေရာခွဲ၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးမှု ပြုလုပ်စဥ်အတွင်း စစ်​တပ်နှင့် ဆက်စပ်သော မင်္သကာဖွယ်လူ ၄ ဦးကို တွေ့ရှိခဲ့သောကြောင့် ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိ​ကာ စစ်ဆေးမှုများ ပြီးမှသာ အသေးစိတ် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့က KNLA တပ်ရင်း ၂၇ က မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်းသွားလာကြမည့် ကားများအနေဖြင့် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနဲ့ ပစ္စည်းများ သယ်ဆောင်လာလျှင် စစ်ဆေးတွေ့ရှိမှုပေါ် မူတည်ပြီး အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ထားကြောင်း သိရှိရသည်။

ထုတ်ပြန်ချက်တွင် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းတွင် သွားလာနေသည့် မော်တော်ယာဉ်များ အနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့် အခါ ကြည်ဖြူစွာ လက်ခံရန် စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်မှုမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်တပ် ယာဉ်များနှင့်လိုက်ပါ စီးနင်းခြင်းမျိုး မပြုလုပ်ရန်နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် ယာဉ်များလည်း ကြည်ဖြူစွာအစစ်ဆေးခံရန် စသည့်အချက်များ ပါရှိကြောင်း သိရသည်။

ထို့သို့ အမိန့်စာ ထုတ်ပြန်ရခြင်းသည် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွား ပြည်သူများကို အကာကွယ်ယူပြီး သွားလာခြင်းဌ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့် အတွက် ဖြစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည် ဖြစ်ပြီး အများပြည်သူတွေအနေဖြင့် အမိန့်ကြေညာချက်ပါ အချက်များကို တိတိကျကျ လိုက်နာကြရန် ထပ်မံ မေတ္တာရပ်ခံကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article