26 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာ အုပ်စုရှိ ရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် နေအိမ်များ ထိမှန် ပျက်စီး

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာ အုပ်စုရှိ ရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် နေအိမ်များ ထိမှန် ပျက်စီး

ရန်ကုန်၊ ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ ပလောင်ရွာနှင့် အိုမရွာတို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ညောင်ပင်ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ဝမ်ပေါင်အတွင်း တပ်စွဲထားသော စစ်တပ်တို့က ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်သောကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခြင်းကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပလောင်ရွာနှင့် အိုမရွာရှိ ပြည်သူပိုင် နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး နေအိမ်အရေအတွက် မည်မျှပျက်စီးသည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” ပလောင်ရွာနဲ့ အိုမရွာကို လက်နက်ကြီးတွေနဲ့ ပစ်လို့နေ အိမ်တွေ ထိမှန်ပျက်စီးတာ အဲရွာတွေက ညောင်ပင်ကြီးကျေးရွာ အုပ်စုက ရွာတွေပါ။ ပြည်သူတွေ အကုန်လုံးကတော့ လက်ရှိချိန်ထိ စစ်ဘေးရှောင် နေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article