31 C
Yangon

တနင်္သာရီတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ မင်းတပ်မြို့အဝင် စစ်တပ်ဂိတ်ကို ၂ ကြိမ် ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

တနင်္သာရီတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ မင်းတပ်မြို့အဝင် စစ်တပ်ဂိတ်ကို ၂ ကြိမ် ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာနှင့် သမီးလှ ကျေးရွာ အကြားသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီခန့်ကစတင်ပြီး ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်နှင့် သိန္ဓောတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ပူးပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်သားထိခိုက် သေဆုံးမှု မသိရသေးကြောင်း သိရသည်။

“တိုက်ပွဲက တနေကုန်ပြင်းထန်ခဲ့တာဗျ၊ ညပိုင်းမို့ ခဏနားနေတာ၊ နောက်ရက်လည်း ဆက်ဖြစ်နိုင် တယ်၊ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး၊ အခုက သမီးလှကျေးရွာမှာ ရှိသေးတယ်၊ လက်နက်ကြီးတွေ ပစ်ခတ်လို့ ရွာသားနှစ်ဦး ဒဏ်ရာရတယ် လို့ သိရတယ်” ဟု တနင်္သာရီမြို့နယ် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန် လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နဲ့ ကျွဲထိန်းကုန်း စသည့် ကျေးရွာများမှ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့အရှေ့ပြင်ရှိ စစ်တပ်ဂိတ်ကို ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF – Mindat တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့က မင်းတပ်မြို့အရှေ့ပြင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို CDF – Mindat မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ဇွန်လ ၁၃ ရက်နေ့က ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်အတွင်း ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသည့် အချိန်များတွင် မိမိလူမျိုးနှင့်တိုင်းပြည်ကို ကာကွယ်ရမည့် အစား ပြည်တွင်း(အခြားဒေသ)နှင့် ပြည်ပသို့ ထွက်ခွာသည့် လူငယ်များ များလာ​ခြင်းကြောင့် အသက် ၁၆ နှစ်မှ ၃၅ နှစ်အထိ လူငယ်များအား ပြည်တွင်း၊ ပြည်ပသို့ ထွက်ခွာခွင့် ပြုတော့ မည်မဟုတ်ကြောင်း CDF – Mindat က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article