28 C
Yangon

အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုးစားနေပြီး ထိုင်း အိမ်စောင့် စစ်အစိုးရ စီစဉ်သည့် ဆွေးနွေးပွဲ မတက်နိုင်ဟု အင်ဒိုနိုင်ငံခြား ရေးဝန်ကြီး အကြောင်းပြန်

Must read

အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုးစားနေပြီး ထိုင်း အိမ်စောင့် စစ်အစိုးရ စီစဉ်သည့် ဆွေးနွေးပွဲ မတက်နိုင်ဟု အင်ဒိုနိုင်ငံခြား ရေးဝန်ကြီး အကြောင်းပြန်

ရန်ကုန်၊ ဇွန် ၁၈

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုး စားနေပြီး ထိုင်းအိမ်စောင့် စစ်အစိုးရက စီစဉ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ မတက်နိုင်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudiက အကြောင်း ပြန်လိုက်သည်။

ထိုင်းအိမ်စောင့် စစ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်တွင် ဇွန်လ ၁၈ ရက်နေ့နှင့် ဇွန်လ ၁၉ ရက်နေ့ ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ တက် ရောက် ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudiကို ဖိတ်ကြားရာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရန် ကြိုးစားနေသဖြင့် အစည်းအဝေး မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ကြားခြင်းဖြစ်သည်။

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ နိုင်ငံခေါင်း ဆောင်များအနေဖြင့် မြန်မာ့အရေးအတွက် နက်နက်ရှိုင်းရှိုင်းဆွေးနွေး ခဲ့ကြောင်း၊ သို့ရာတွင် ခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ချည်း ကပ်ပုံအသစ် သို့မဟုတ် ပြန်လည် စေ့စပ်ညှိနှိုင်းရေးအတွက် တစ်စုံ တစ်ရာ သဘောတူညီချက် မရှိသေးကြောင်း ၊ လက်ရှိ အာဆီယံအထူးကိုယ်စား လှယ်သံတမန်ရုံးအနေဖြင့် မြန်မာ့အရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ညှိနှိုင်း၍ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းရေး ကြိုးပမ်းနေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး တစ်ဦး အနေဖြင့်လည်း ဝန်ကြီးအဆင့်တွင် ဖြေရှင်းရန် ကြိုးစားနေကြောင်း အင်ဒိုနီး ရှားနိုင်ငံခြား ရေးဝန်ကြီးက ဆိုသည်။

လက်ရှိ ဖြစ်ပေါ် အခြေအနေများကို ထိန်းသိမ်းထားရန် အရေးကြီးပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း မကြာမီ ဂျကာတာတွင် တွေ့ ဆုံ ဆွေးနွေးရန် ရှိနေကြောင်း၊ အာဆီယံဥက္ကဋ္ဌ အနေဖြင့် အာဆီယံ ဘုံသဘော တူညီချက်ကို အကောင် အထည်ဖော်ရေး လုပ်ပိုင်ခွင့်အရ လည်း ကောင်း၊ ယမန်နှစ် အာဆီယံ ခေါင်းဆောင်များ၏ ဆုံးဖြတ် သဘော တူညီ ချက် အရ လည်းကောင်း လက်ရှိ အာဆီယံသွားနေသည့် လမ်းကြောင်းကို ထောက်ခံရန် တောင်း ဆိုကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး က ထုတ် ဖော်ပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article