ချောင်းဦးတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ် ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၁၉
ချောင်းဦးမြို့နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်သည့် ရွာများကို ချောင်းဦးမြို့နယ်လူငယ် အင်အားစု သပိတ်ကော်မတီမှ သွားရောက်ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြောင်း သိရသည်။