ထိုင်းနိုင်ငံက တရားမ၀င် အကြမ်းဖက် မြန်မာစစ်တပ်ကို ပြန်လည်ထိ တွေ့ဆက်ဆံမှု မြန်မာပြည်သူကို သစ္စာဖောက်သော လုပ်ရပ်ဟု အာဆီယံ လွှတ်တော်အမတ်များ ဝေဖန်
■ ထိုင်းအရပ်ဘက်အဖွဲ့တချို့ကလည်း ထိုင်းအစိုးရလုပ်ရပ်ကို ရှုတ်ချ
ရန်ကုန်၊ ဇွန် ၁၉
ထိုင်းဒုတိယဝန်ကြီးချုပ် Don Pramudwinai က တရားမ၀င်မြန်မာစစ်အစိုးရနှင့် အလွတ်သဘောတွေ့ဆုံပွဲများပြုလုပ်ရန် ဆုံးဖြတ်ချက်သည် မြန်မာလူမျိုးများအပေါ် သစ္စာဖောက်ပြီး အာဆီယံစည်းလုံးညီညွတ်ရေးကို ဆန့်ကျင်ကြောင်း အရှေ့တောင်အာရှလွှတ်တော်အမတ်များက ယနေ့ ပြောကြားသည်။
“အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့က သဘောမတူပယ်ချတဲ့ကြားက ဒီအစည်းအဝေးတွေ ကျင်းပဖို့ ထိုင်းအစိုးရရဲ့ သန္နိဋ္ဌာန်က အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ မြန်မာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဆန္ဒတွေကို မောက်မာစွာ ရှုတ်ချတာကို ပြသနေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တွဲဖက်ဥက္ကဌ Charles Santiago က ယနေ့ ပြောကြားခဲ့သည်။
ထိုင်းရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ထားသော လက်ရှိ ထိုင်းအိမ်စောင့်အစိုးရက ထိုင်းပြည်သူများကိုပင် ဝေဖန်ပုတ်ခတ်နေကြောင်း၊ လူသတ်မှုများစွာ ကျူးလွန်နေသော မြန်မာစစ်တပ်ကို ထိတွေ့ဆက်ဆံရန် ကြိုးစားမှုကြောင့် တုန်လှုပ်မိသည်ဟု လွှတ်တော်အမတ်များက ပြောဆိုသည်။
“လတ်တလော အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ ထိုင်းအစိုးရဟာ တခဲနက် ရှုံးနိမ့်ခဲ့ပြီး ပြည်သူတွေဆီက လုပ်ပိုင်ခွင့် မရှိတော့ဘူး၊ ဒီလို ဆွေးနွေးပွဲတွေ စတင်တာဟာ ထိုင်းမဲဆန္ဒရှင်တွေရဲ့ မျက်နှာကို ပုတ်ခတ်နေပေမယ့်၊ မြန်မာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပေမယ့် လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့ရတဲ့ လူသတ်မှုတွေကို တာဝန်ခံဖို့ မကြိုးစားဘဲ ထိုင်းနဲ့ တခြားနိုင်ငံတွေက သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိနေတုန်းမို့ ကျနော်တို့ တုန်လှုပ်မိပါတယ်။ ‘Track 1.5’ အစည်း အဝေးများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းနိုင်မှုအပေါ် အာဆီယံ၏ ယုံကြည်ကိုးစားမှုကို အားနည်းစေသည်” ဟု ဆန်တီယာဂိုက ပြောကြားခဲ့သည်။
လတ်တလော မြန်မာနိုင်ငံ၏ အခြေအနေမှာ အာဆီယံက ဆောင်ရွက်နေသည့် ကြိုးစားချက်အပေါ် ထိုင်းနိုင်ငံက ပြောင်ပြောင် တင်းတင်းလျစ်လျူရှုခြင်းဖြစ်၍ စုံစမ်းစစ်ဆေးရန် လွှတ်တော်အမတ်များက တောင်းဆိုသည်။
“အာဆီယံ ဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒီအစည်းအဝေးကို အဖြေမထုတ်စေရဘူး၊ လက်ရှိသဘာပတိကို ထိုင်းနိုင်ငံရဲ့ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုမှုနဲ့ မထီမဲ့မြင်ပြုမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရပါမယ်။ ဤအယူမှားသောအစည်းအဝေးကို ၎င်းတို့၏ ငြင်းပယ်ခြင်းကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိသော်လည်း ယင်းတွင် ရပ်တန့်၍မရနိုင်ပါ။ ၂၀၁၂ ခုနှစ် ဧပြီလတွင် လက်ခံကျင့်သုံးပြီးကတည်းက မည်သည့်ရလဒ်မျှ ထွက်ပေါ်လာခြင်းမရှိသေးတဲ့၊ မအောင်မြင်တဲ့သဘောတူညီမှုငါးရပ်ကို ပြုပြင်ပြောင်းလဲခြင်း အပါအဝင် စစ်အာဏာရှင်များတွေရဲ့ တာဝန်ခံမှုကို ထိန်းသိမ်းဖို့ အာဆီယံအနေနဲ့ အတူတကွ လုပ်ဆောင်ရပါ့မယ်” ဟု ဆန်တီယာဂိုက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်သော ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကော်မတီ (TACDB) တည်ထောင်သူ၊ ဒီမိုကရေစီဖောင်ဒေးရှင်း (P NET) ၏ အတွင်းရေးမှူး၊အာဆီယံပြည်သူ့ဖိုရမ် (APF) လုပ်ငန်းအဖွဲ့ ကော်မတီဝင်ဖြစ်သူက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်၏ လုပ်ဆောင်ချက်က မြန်မာ့အရေးနှင့် အာဆီယံ၏ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွပ်ဖက်မှုတစ်ရပ် ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ထိုင်းနိုင်ငံမှာ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းတော့မှာ ဖြစ်တာကြောင့် သူ့အနေဖြင့် ကိုယ့် အတွက်ကိုယ်သာ စဉ်းစားသင့်ပါတယ်။ အာဆီယံရေးရာကိစ္စရပ်တွေ အပါအဝင် နိုင်ငံခြားရေးဦးတည်ချက်တွေကို ပြန်လည် ပြောင်းလဲညွှန်ကြားသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားရေးကိစ္စရပ်တွေက အလွန်အကဲဆက်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြတ်ချခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း ပြည်သူတွေကို သတ်ဖြတ်လျက်ရှိပါ တယ်။ အာဆီယံအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ၎င်းတို့ကိုယ်တိုင် ပါဝင်သဘောတူထားသည့် အာဆီယံ ဘုံသဘောထား ၅ ရပ်ကို လက်ခံလိုက်နာဖို့ ဖိအားပေးရပါမယ်။ ဒွန်က မြန်မာပြည်အတွင်း ငြိမ်းချမ်းရေးပြန်လည် ရရှိရေး အာဆီယံလုပ်ငန်းစဉ်ကို အလေးဂရုပြုခဲ့ခြင်း မရှိပါ။ ထိုကဲ့သို့ လျှို့ဝှက်အစည်းအဝေးမျိုး စီစဉ်ပေးသည့် အတွက် အကျိုးအမြတ်တစုံတရာရှိမရှိနှင့် ပတ်သက်ပြီး အစည်းအဝေးနောက်ကွယ်က အစီအစဉ်အပေါ် သံသယ ဖြစ်မိပါတယ်။ ထိုင်းနိုင်ငံသားတစ်ယောက်အနေဖြင့် အလွန်ရှက်စရာကောင်းပြီး၊ ဒီလိုလုပ်ဆောင်မှုမျိုးကို လက်မခံ သင့်ပါ။ အစိုးရသစ်နှင့် အာဆီယံအနေဖြင့်လည်း ဒီလိုပြုမူလုပ်ဆောင်မှုများအပေါ် စီမံကိုင်တွယ်ရန် အရေးယူဆောင် ရွက်ချက်တစ်ရပ်ကို လုပ်ဆောင်သင့်ပါတယ်။ ဒီလုပ်ရပ်ကို ထိုင်းအစိုးရနာမည်ဖြင့် လက်မခံသည့်အတွက် ဒွန်က ၎င်း၏ အာဏာကို အလွဲသုံးစားပြုမှုတစ်ရပ်သာ ဖြစ်ပြီး၊ အာဆီယံ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်အတွက် အဟန့်အတားတစ်ရပ် ဖြစ်ပါတယ်။ သူ့အနေဖြင့် ရှက်ဖွယ်ကောင်းလှပြီး၊ ရှုတ်ချသင့်ပါတယ်” ဟု TACDB တည်ထောင်သူက ပြောဆိုသည်။
မြန်မာနိုင်ငံမှ နိုင်ငံအရေးအကျပ်အတည်းနှင့် ပြည်သူများ၏ ဒုက္ခကို ထိုင်းအစိုးရ သစ် အနေဖြင့် ကူညီပေးရန်၊ မြန်မာနှင့်ထိုင်းအရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် TACDB တညထောင်သူက တိုက်တွန်းသည်။
“ထိုင်းအစိုးရသစ်အနေဖြင့် နယ်စပ်တလျှောက်တွင် လူသားချင်းစာနာ ထောက် ထားမှုအကူအညီများကို တိုးမြှင့်သင့်သည် သာမက ၎င်းတို့နိုင်ငံ အတွင်းမှ ထွက် ပြေး လာရသည့် မြန်မာပြည်သူများကို နေရပ်ပြန်ပို့ခြင်းအပြုဘဲ ကူညီပေးသင့် ပါတယ်။ အဲ့ဒီအထဲမှာ ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများနှင့် သက်ဆိုင်သည့် ဥပဒေများနှင့် မူဝါဒများကို ပြင်ဆင်ခြင်း လည်း ပါဝင်ပါတယ်။ထိုင်းနှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများသည် ကာလကြာရှည်ကတည်းက လက်တွဲလုပ်ဆောင်ခဲ့ကြပြီး၊ မြန်မာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ဒေသတွင်း အာဆီယံအဆင့်အထိ တိုးချဲ့လုပ်ဆောင်သွားသင့်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထိုင်းအိမ်စောင့် စစ်အစိုးရက ဇွန်လ ၁၈ ရက်နေ့နှင့် ဇွန်လ ၁၉ ရက်နေ့တို့တွင် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပြုလုပ်နေပြီး မြန်မာအကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကိုမြင်တွေ့ရစဉ်။