26 C
Yangon

ကနီတွင် တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ကနီတွင် တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၀ DRPAမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကနီမြို့နယ်၊ရပ်ကွက် ၃ သုံးဒေါင့်ကျွန်၊ ကြို့ပင်လှအရပ်တွင် ကင်းလှည့်နေသော အင်အား ၁၇ ဦးခန့်ပါ ရဲများနှင့် ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၀ တို့ တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမှာ ရဲ ၃ ဦးသေတာကတော့ လုံးဝသေချာတယ်။ ရဲ ၁ ဦး အလောင်းနဲ့ သေနတ် ၁ လက် ကတော့ ရလိုက်တယ်။ ၂ ဦးကတော့ သူတို့ပြန်ပြီး ဆွဲခေါ်သွားတာပေါ့။ နေရာမှာတင် အခြေအနေမကောင်းမှန်းသိတယ် ဒါပေမယ့် ဆေးရုံမှာ သေသွားတယ်ဆိုတာ အတည်ပြုနိုင်တယ်။ တကယ်တမ်း ကျန်တော်တို့ စီစဥ်ထားတာက အဲ ရဲ ၁၇ ကောင်ကင်းလှည့်ထားတာကို ရပ်ကွက် ၃ မြို့ထဲထိကို လိုက်ပစ်ဖို့ ရနိုင်သမျှ လက်နက်ပါသိမ်းမယ်ပေါ့ အဲလိုစီစဥ်ထားတာပေါ့ ဒါပေမယ့် ဟိုဘက်က မမျှော်လင့်ထားတဲ့ တိုက်ပွဲနဲ့ မဆိုင်တဲ့ နေရာကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ ၂ ဦးထိသွားလို့ ပြန်ဆုတ်ခဲ့ရတယ်။ ထိသွားတဲ့ ပြည်သူ ၂ ဦးကိုတော့ ကျွန်တော်တို့ တပ်ရင်းက NUG ဆေးရုံ ဆေးခန်းတွေကို ပို့တယ်ပေါ့။ ပို့တဲ့အခါမှာ ၁ ဦးကကျတော့ လက်ပါ ပြတ်သွားတဲ့ အနေအထားဆိုတော့ သွေးထွက် လွန်ပြီးဆုံးသွားတယ်။ နောက် တစ်ဦးကတော့ ကုသမှု ခံယူနေတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၀ DRPAမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော ရဲများထံမှ G3 အမျိုးအစား မောင်းပြန် ၁ လက်၊ G3 ကျည်အတောင့် ၉ဝ၊ G3 ကျည်ဘောက် ၃ ခု၊ ဖုန်း ၁ လုံး၊ စကားပြောစက် ၁ လုံးစာရွက်စာတမ်းများ၊ ငွေကျပ် ၂ သိန်း နှင့် ကျည်ကာ ၂ ထည် တို့ကို သိမ်းဆည်းရမိခဲ့​ပြီး နံနက် ၈ နာရီ ၁၅ မိန၀်ခန့်တွင် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲ အတွင်း ကနီမြို့၌ တပ်စွဲထားသော စစ်သားများက တိုက်ပွဲနှင့် မသက်ဆိုင်သည့် ယာကြီးကျေးရွာဘက်ကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးပြီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article