38 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဇွန်လ လဝက်အတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဇွန်လ လဝက်အတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ နယ်မြေအတွင်း၌ ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မူးတြော်သတင်း စဉ်က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ လက် အောက်ရှိ တပ်ရင်း၊ တပ်ခွဲများနှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားလျက်ရာ ဇွန်လ ပထမပတ် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲ ၇၁ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ သည့်အပြင် အကြမ်းဖက်စစ်တပ်မှ ထောက်ပို့အတွက်အသုံးပြုသော မြင်းလား ၅ ကောင်နှင့် စစ်သုံး မော်တော်ယာဉ် တစ်စီးကိုလည်း သုတ်သင်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် အဆောက်အအုံ တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ စစ်သည် တော် ၄ ဦး တိုင်းပြည်နှင့်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာ၊ လူနေအိမ် အဆောက် အဦ ၊ ဥယျာဉ် ခြံမြေများ အတွင်းသို့ လက်နက်ကြီးများဖြင့်၂၈ လုံးတိတိ တမင်ရည်ရွယ်ပစ် ခတ်ခဲ့ရာတွင် အ ပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး လုပ်ငန်းခွင်သုံး နွားတစ်ကောင် လည်း ထိမှန်သေဆုံးသွားကြောင်း မူတြော်ခရိုင်၊ တပ်မဟာ၏ စာရင်းချုပ်ဖေါ်ပြချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article