29 C
Yangon

တနင်္သာရီ၊ ရေပေါ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုရားတောင် စေတီ ထိမှန် ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

တနင်္သာရီ၊ ရေပေါ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုရားတောင် စေတီ ထိမှန် ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၀

တနင်္သာရီမြို့နယ်၊ ရေပေါ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဘုရားတောင် စေတီ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကွင်းရွာ အခြေစိုက် ခြေမြန် တပ်ရင်း ခမရ ၅၆၁ က ၁၂၀ မမ လက်နက်ကြီး​ဖြင့် ရေပေါ်ရွာရှိ ဘုရားတောင်စေတီကို ပစ်ခတ်ခဲ့ကာ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးလည်း ကျည်စ ထိမှန်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်မှုကြောင့် ရေပေါ်ရွာရှိ ဘုရားတောင်စေတီ၏ ကိုယ်ထည် ပန်းဆွဲနေရာနှင့်ခေါင်းလောင်းပုံနေရာများ ပျက်စီးကာ စေတီ၏ ဘေးအကာအရံများလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ လက်နက်ကြီး ထိမှန်မှုကြောင့် ဘန်လင်ရွာရှိ သက်ကြီးပိုင်း အမျိုးသမီးကြီး၏ ဦးခေါင်းတွင်လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ကလည်း သမီးလှရွာဘက်မှ ပြန်လည် ဆုတ်ခွာလာသည့် စစ်သားများကို ‌ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် သေဆုံးမှု များပြားကြောင်းသိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများနှင့် ပစ်ခတ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နှင့် ကျွဲထိန်းကုန်းရွာများမှ ဒေသပြည်သူများ ဘေးလွတ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article