နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အရာရှိ သင်တန်းဆင်းပွဲ တက်ရောက်
ရန်ကုန်၊ ဇွန် ၂၀
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ သင်တန်း ကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ပြီး နိုင်ငံတစ် ဝန်းရှိ ပြည်သူ့ကာကွယ်ရေးသင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။