အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် NUG အစိုးရ ၀န်ကြီးများနှင့် ပြည်ပရောက် မြန်မာများ တွေ့ဆုံ
ရန်ကုန်၊ ဇွန် ၂၅
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဇွန်လ ၂၄ရက်ရက်နေ့ (မြန်မာ စံတော်ချိန် ဇွန်လ ၂၅ ရက်နေ့) အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ၏ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင် လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီးဦးကျော်မိုးထွန်းတို့နှင့် နယူးယောက်မြို့ခံ မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါပွဲသို့ နယူးယောက်မြို့မှ မြန်မာပြည်ဖွားတိုင်းရင်းသားများ ထောက်ပို့ အဖွဲ့များ တက်ရောက်ခဲ့ကြပြီး အလေးပြုခြင်း ၃ရပ်နှင့် အခမ်းအနား ကိုစတင် ခဲ့ကြောင်း၊ ထို့နောက် NUG အစိုးရ၀န်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နှင့် သံအမတ်ကြီး ဦးကျော် မိုးထွန်းတို့က မိတ်ဆက် အမှာ စကားများ ပြောကြားခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန် လည် ဖြေကြားကြကြောင်း သိရှိရသည်။