34 C
Yangon

အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် ရွှေစျေးနှင့်ဒေါ်လာစျေးတက်မှုအပေါ် စစ်ကောင်စီက ကုန်သည်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များကို ခြိမ်းခြောက် ဖမ်းဆီးနေသဖြင့် အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရ

Must read

အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် ရွှေစျေးနှင့်ဒေါ်လာစျေးတက်မှုအပေါ် စစ်ကောင်စီက ကုန်သည်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များကို ခြိမ်းခြောက် ဖမ်းဆီးနေသဖြင့် အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရ

■ ဗဟိုဘဏ်ခိုင်းစေချက်အရ စသုံးလုံးက လူပုဂ္ဂိုလ် ၅၁ ဦးကျော် နှင့် ကုမ္ပဏီ ၃ ခုကို ဖမ်းဆီး တရားစွဲထား

ရန်ကုန်၊ ဇွန် ၂၅

စစ်ကောင်စီလက်အောက်ခံ MFTB မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံနှင့်ကုန်သွယ်ရေးဘဏ် MICB တို့ကို အမေရိကန်က စီးပွားရေး ပိတ် ဆို့လိုက်သဖြင့် ရွှေစျေး၊ ဒေါ်လာစျေးမြင့်တက်လာမှုအပေါ် စစ်ကောင် စီက ကုန်သည်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များကို ခြိမ်းခြောက်ဖမ်းဆီး နေ ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေ ကျပ် ၃၂၀၀ ကျော်၊ အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၃၂ သိန်းကျော် ဖြစ် နေချိန်တွင် စစ်ကောင်စီက စျေးနှုန်းတက်မှုမှာ စျေးကစားခြင်း ကြောင့်ဟု ဆိုကာ ကုန်သည်များ၊ ပွဲစားများ၊ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်း၊ တယ်လီဖုန်းများကို စစ်ဆေးခြင်း၊ မီးခံသေတ္တာပါမကျန် ဖွင့်ဖောက်စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း၊ တချို့ကို မသင်္ကာဟုဆိုကာ အထူးစုံစမ်း စစ် ဆေးရေး(ခ)စသုံးလုံးရုံးများသို့ ညအိပ်ခေါ်ယူ စစ်ဆေးနေကြောင်း သိရှိရသည်။

“စျေးကွက်က သူ့ဟာ ဝယ်လိုအား ရောင်းလိုအားနဲ့သွားတာ။ စီးပွားရေး ပိတ်ဆို့ မှုကလည်း တကယ်ကို ရှိနေတာပဲ။ ရွှေစျေး ဒေါ်လာစျေးကလည်း စျေးကွက် အရ ဖြစ်လာတာပါ။ အဲဒါကို စျေးကစားလို့ ဆိုပြီး ရွှေ၊ ဒေါ်လာ အရောင်း အဝယ် လုပ်တဲ့သူတွေ နာမည်ရှိတဲ့သူတွေ အကုန်လိုက်ဖမ်း၊ ခေါ်စစ်လုပ်တယ်။ အိမ်က မီးခံသေတ္တာတောင် မကျန်ဘူး ဖွင့်စစ်တာ။ တချို့ရွှေကုန်သည် တွေ လည်း ကျန်းမာရေးမကောင်းလို့၊ ဘုရားဖူးထွက်လို့ ဆိုပြီး ရှောင်ပြေးနေရတယ်။ လုပ် ကိုင်စားလို့မရတော့ဘူး။ စျေးကွက်မှာ လိုအပ်ချက်ကြောင့် ဖြစ်တာကို စီးပွားရေးလုပ်တဲ့သူတွေကို ရန်ရှာနေတယ်။ တကယ်လုပ်တဲ့ လက်ကြီး သမား တွေက သူတို့ ဗိုလ်ချုပ်နဲ့စစ်တပ်အသိုင်းအ၀ိုင်းကလူတွေ။ အခု အဖမ်းခံရတဲ့ သူ တွေ တရားစွဲခံရတဲ့သူတွေက နာမည်ကျော်ဇော်မှုနဲ့ အဖမ်းခံရတာ၊ ဘာ သက် သေမှ မတွေ့ဘူး။ ရှိလည်း မရှိဘူး။ ” ဟု ရန်ကုန်ရွှေ ကုန်သည်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနက လူပုဂ္ဂိုလ် ၅၁ ဦးကျော်နှင့် ကုမ္ပဏီ ၃ ခုကို ရွှေနှင့်ဒေါ်လာ စျေး ကစားမှုဖြင့် အမှုဖွင့် အရေးယူထား‌ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေ ညာ သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် စောင့်ကြည့်ကြီးကြပ် စစ်ဆေးရေး အဖွဲ့နှင့် မြေပြင်ကွင်း ဆင်း စစ်ဆေးရေးအဖွဲ့ တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများ၊ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများ နှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းသူများကို စိစစ်ဖော်ထုတ် အရေးယူခဲ့ကြောင်း၊ မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့် စင် လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးပြီး ပြည်ပနှင့် တရားမဝင်‌ နိုင်ငံခြား ငွေလွှဲပို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ် အထောက် အထားများကို စစ်ဆေးတွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင်ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသောလူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုတို့ကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်ရှိ အွန်လိုင်း လောင်းကစား ခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများဆောင် ရွက်ခဲ့ ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသော လူပုဂ္ဂိုလ်များ နှင့် ကုမ္ပဏီ (၂) ခုအား သက်ဆိုင်ရာဥပဒေများ နှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံခြားငွေ လဲလှယ်နှုန်းဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ် ရယူရန်ဆောင်ရွက်ခြင်း၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း တို့ကိုဆက်လက်ရှာဖွေ ဖော်ထုတ် ကာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့်ဆက်စပ်ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ၏ ဗဟိုဘဏ်က ကြေညာထားသည်။

ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းကမူ စစ်ကောင်စီလက်အောက်တွင် စျေး ကွက် စီးပွားရေးစနစ် လုံး၀ ပျက်စီးပြိုကျသွားပြီဖြစ်ပြီး အမိန့်အာဏာဖြင့် စီးပွားရေးသမားများကို အနိုင်ကျင့်ခြင်း၊ စစ်တပ်နှင့် နီးစပ်သော သူများသာ လုပ်ပိုင်ခွင့်ရ ချမ်းသာခြင်းဆိုသော အာဏာရှင်ဆန်သော စီးပွားရေးစနစ် ဖြစ် ထွန်း နေသည်ဟု သုံးသပ်ပြောဆိုနေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article