30 C
Yangon

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ဒါရိုက်တာ Ms. Henrietta Levin နှင့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့ မြန်မာ့ဒီမိုကရေစီအရေး တွေ့ဆုံဆွေးနွေး

Must read

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ဒါရိုက်တာ Ms. Henrietta Levin နှင့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့ မြန်မာ့ဒီမိုကရေစီအရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇွန် ၂၅

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ဒါရိုက်တာ Ms. Henrietta Levin နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့ မြန်မာ့ဒီမိုကရေစီအရေး တွေ့ဆုံ ဆွေး နွေး ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တရားဝင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၁ ရက်နေ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် NLD ဗဟိုအလုပ် ကော်မတီ မှ ဦးကျော်ထွေးတို့သည် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုး သား လုံခြုံရေးကောင်စီမှ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့် တွေ့ဆုံ၍ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများကို ရင်းနှီးပွင့်လင်း စွာဆွေးနွေး ကြကြောင်း၊ အစည်းအဝေး သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူ Mr. Liam McGum (Burma Desk) လည်း ပူးတွဲတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် CRPH ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိ ပဋိ ပက္ခ ကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တော်သစ် တည်ဆောက်နိုင်ရေးတွင် လိုအပ်နေသည့် ကိစ္စရပ်များ၊ အခက် အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် ဆက်လက် ကူညီ ပေးစေလိုသည့် ကဏ္ဍများအား တောင်းဆို‌တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article