25 C
Yangon

ကိုးကန့်တွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ မှ တပ်သား သန်းထိုက်အောင်ကို သိန်း ၂၀ ဂုဏ်ပြု ချီးမြှင့်ပြီး MNDAA တပ်စိတ်မှူး ရာထူး ပေးအပ်

Must read

ကိုးကန့်တွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ မှ တပ်သား သန်းထိုက်အောင်ကို သိန်း ၂၀ ဂုဏ်ပြု ချီးမြှင့်ပြီး MNDAA တပ်စိတ်မှူး ရာထူး ပေးအပ်

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်၊ မုံးကိုးတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၄၁၉ မှ တပ်သား သန်းထိုက်အောင်ကို မြန်မာ အမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မ တော်ကိုးကန့်(MNDAA) က အခမ်း အနားဖြင့် ကြိုဆို သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး တပ်စိတ်မှူးရာထူးပါ ပေးအပ်ခဲ့ ကြောင်း The Kokang က ထုတ်ပြန်သည်။

ဇွန်လ ၂၀ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ သည့် တပ်သားသန်းထိုက်အောင်ကို အထူးဒေသ ၁ မုံးကိုးခရိုင်အုပ်ချုပ်ရေး အဖွဲ့မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ယင်းအခမ်းအနားသို့ ခရိုင်အထွေ ထွေ အတွင်းရေးမှူးနှင့် ဒုခရိုင်မှူး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ရာတွင် ရိုင်ဖယ်သေနတ်တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၁၈၆ တောင့်ဖြင့် လက်နက်ချ အလင်း ဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် ကိုးကန့်(MNDAA)မှ ငွေကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့သည့်အပြင် တပ်ဖွဲ့အတွင်း၌ တပ်စိပ်မှူး အဆင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွင် လက်အောက်ငယ်သားများကို အမြဲ ဆဲဆိုရိုက်နှက်နှက်ခြင်း၊ အာဏာ သိမ်းပြီးနောက် ပြည်သူလူထုကို အနိုင်ကျင့် ခြင်း စသည့် လုပ်ရများကို မကြိုက်နှစ်သဖြင့် MNDAA ထံသို့ ဆက်သွယ်ကာ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ MNDAA တပ်ထဲတွင် အကြမ်း ဖက် စစ် တပ်မှ ထွက်ပြေးလာသည့် လူငယ် ၁၀ ဦး အထက် လက်ခံ ရရှိထားကြောင်း The Kokang က ထုတ်ပြန် ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article