ကလလတ-KNPLF ကို နမူနာယူ၍ စစ်တပ်လက်အောက်ခံ BGF စောချစ်သူ ပြည်သူ့ဘက်ကို ခိုလှုံပါ ၊ အမှားလုပ်ရပ်များစွာအတွက် စစ်တပ်ကို ပြန်လည် တော်လှန်တိုက်ခိုက်၍ ပေးဆပ်ပါ
By ရန်ကုန်ခေတ်သစ်
ကရင်နီပြည်နယ်တွင် စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ် အသွင် ပြောင်းခဲ့သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) သည် ပြည်သူ့ဘက်သို့ ရပ်တည်၍ အကြမ်းဖက် စစ် ကောင် စီကို ပြန်လည် တိုက်ခိုက်နေပြီဖြစ်သည်။
၁၉၉၄ ခုနှစ် တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့သော ကရင်နီလူမျိုးပေါင်းစုံ ပြည် သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)သည် စစ်ကောင်စီ တပ်များကို မယ်စဲ့မြို့နယ်တွင် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသည်။ ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလဲခဲ့ရသည့် KNPLF တပ်ရင်း ၂ ခု သည် မူလ KNPLF တပ်ဖွဲ့ အဖြစ် ပြန်လည်ရပ်တည်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီ ကို တိုက်ခိုက်နေသည်။
မယ်စဲ့မြို့နယ်၊ ပန်တိမ်း အခြေစိုက် BGF တပ်ရင်းအမှတ် ၁၀၀၄ သည် မူလ အတိုင်း KNPLF -4878 တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် ၁၀၀၅ သည် မူလအတိုင်း KNPLF-7894တပ်ရင်း အဖြစ် လည်းကောင်း ပြန်ည်ရပ်တည်ကာ အလံ၊ ယူနီဖောင်း ၊ ဘက်တံဆိပ် များ ပြောင်းလဲတပ်ဆင်ခဲ့ကြသည်။
ဇွန်လ ၁၄ ရက်နေ့မှစ၍ KNPLF သည် ဌာနချုပ် အခြေစိုက်ရာ ဟိုစဲမြို့သစ် ဝန်းကျင်ဖြစ်မှ စစ်ကောင်စီ၏ မယ်စဲမြို့မ ရဲစခန်း၊ ဗျူဟာကုန်း နှင့် ထိုင်း- မြန်မာ နယ်ခြားအမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး BGF နယ်ခြားစောင့်တပ် အမှတ် ၁၀၀၄ နှင့် ၁၀၀၅ တပ်ရင်းဌာနချုပ်စခန်း ၂ ခုကိုလည်း တပါတည်း စီးနင်းထိန်းချုပ်ထားခဲ့ကြသည်။
စစ်ကောင်စီတပ်ကလည်း ကလလတ (KNPLF) ၏ ဟိုစဲ့မြို့သစ် ဌာနချုပ်၊ ဖားဆောင်းမြို့၏ သံလွင်မြစ် တဖက်ကမ်းမှ KNPLF စခန်းများ၊ ဂိတ်များ ကို လေယဥ် ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခြင်းတို့ကို အပြင်းအထန် ပြုလုပ်ခဲ့သည့်အပြင် BGF ၁၀၀၄ စခန်းကို စစ်ကောင်စီတပ်က ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့သည်။
ကလလတ (KNPLF) သည် 4K တပ်ပေါင်းစု အဖြစ် မဟာမိတ်စုဖွဲ့ထားသော KNU/KNLA၊ KNPP/KA၊ KNDF တို့နှင်အတူ မယ်စဲ့မြို့နယ်တွင် လက်တွဲ တိုက် ခိုက် လျက် ရှိနေသည်။
စစ်တပ် လက်အောက်ခံ BGF နယ်ခြားစောင့် တပ်အဖြစ်မှ မူလ ရည်မှန်းချက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ကြရာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြီးမား သော အောင် မြင်မှု သမိုင်းမှတ်တိုင်များဖြစ်လာသည်။
ကရင်ပြည်နယ်တွင်လည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းထားသော ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် များ ဖြစ်ကြသည့် ဗိုလ်မှူးချုပ်ဖားနွီးနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့အနေဖြင့်လည်း ကရင်နီပြည်နယ်မှ ကလလတ (KNPLF)ကဲ့သို့ ပြည်သူ့ဘက်သို့ ခိုလှုံ၍ စစ် ကောင်စီကို ပြန်လည် တိုက်ခိုက်ရန် အချိန်ကျနေပြီဖြစ်သည်။
ဗိုလ်မှူးကြီးစောချစ်သူအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ဖြစ်စ ဉ်များကို နမူနာယူ၍ စစ်တပ်၏ မူမမှန်သော သဘောထားကို သိရှိပြီး ပြည်သူ့ ဘက်မှ ရပ်တည်ရန် အချိန်ကျနေပြီဖြစ်သည်။
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် တပ်မှူး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာ ရှိ၊ အရာခံ ၇၇ ဦးတို့ ဇန်နဝါရီ ၁၄ ရက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရုံးတွင် နုတ်ထွက်စာတင်ခဲ့ကြရပြီး ဗိုလ်မှူးကြီး စောချစ်သူမှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။
စစ်ကောင်စီက ရွှေကုက္ကို မြို့သစ်စီမံကိန်းကို အကြောင်းပြ၍ ဗိုလ်မှူးကြီး စောချစ်သူကို နုတ်ထွက်ရန် ဖိအားပေးရာမှ နယ်ခြားစောင့်အရာရှိတစ်ဖွဲ့လုံး နုတ်ထွက်ရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နောက်ပိုင်း စစ်တပ်က အာဏာ သိမ်းပြီးချိန်မှစတင်၍ အကျပ်အတည်းများတွေ့လာရသည့်အချိန်မှ စစ်တပ်က ဖိအားပေးမှုများကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့် ခေါင်းဆောင် စောချစ်သူအနေဖြင့် ပြည်သူက မထောက်ခံသော ပြည်သူ့ကို မျက်နှာမမူသော လုပ်ရပ်များ၊ မိခင် KNU ကို သစ္စာဖောက်သည့် အမှား လုပ်ရပ်များစွာ အတွက် BGF ဘ၀မှ ပြည်သူ့ဘက် ဘက်ပြောင်းခိုလှုံ၍ ပြန်လည် ပေးဆပ်ရန် အချိန်ကျပြီဖြစ်သည်။
စောချစ်သူ ခေါင်ဆောင်းနေသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ် ဩဂုတ်လမှာ တိုးတက်သော ကရင့်အမျိုးသား တပ်မ တော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကရင့်အမျိုးသား တပ်မတော် DKBA သည်လည်း မိခင် KNU မှ ၁၉၉၄ ခုနှစ် တွင် ခွဲထွက်ခဲ့ကာ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရယူပြီး KNU တပ်စခန်းများကို စစ်တပ်အလိုကျ ပြန်လည် တိုက်ခိုက်ခဲ့သည်။
ယင်းနောက်၂၀၁၀ ခုနှစ်တွင် စစ်တပ် လက်အောက်ခံ ကရင်ပြည်နယ် နယ် ခြားစောင့်တပ်အဖြစ် တပ်ရင်း ၁၁ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မိခင် KNU အဖွဲ့သည် စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းပေါ်သို့ လျှောက်လှမ်းလျက်ရှိနေသည်။
ကရင်နယ်ခြားစောင့် တပ်ဖွဲ့ BGF သည် ရွှေက္ကိုလ် ဒုစရိုက်မြို့တော်ကို တည် ထောင်၍ စီးပွားရှာခြင်း၊စစ်တပ် လက်အောက်ခံ အဖြစ် တရားမဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်၍ ကရင်ပြည်သူများကို သစ္စာဖောက်ခဲ့ခြင်း၊ မိခင် KNU ကို ပြန်လည် တိုက်ခိုက်ခဲ့ခြင်း၊ ကိုယ်ကျိုးရှာ အတ္တသမားများအဖြစ် လူသတ် အကြမ်းဖက် စစ်တပ်ကို အလုပ်အကျွေးပြုခဲ့ခြင်း အမှားများစွာ အတွက် ပြန် လည် ပြုပြင်ရန် အချိန်ကျနေပြီဖြစ်သည်။
တိုင်းပြည်တွင် ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီနှင့် စစ်အာဏာရှင်ကို ပြည်သူလူထု တစ်ရပ်လုံးက အပြင်းအထန် တော်လှန် နေကြပြီဖြစ်ရာ နွေဥှီးတော်လှန်ရေးမှာ အောင်မြင်မှု ပန်းတိုင်ဆီသို့ ဦးတည် သွားနေပြီဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်သူလူထုဘက်သို့ မခိုလှုံဘဲ စစ်ရာဇဝတ်ခေါင်းဆောင် များနှင့် အကြမ်းဖက် စစ်တပ်ကို အလုပ်အကျွေး ဆက်လက်ပြုနေပါက ပြည် သူ လူထု၏ အငြိုးကို ခံရမည်ဖြစ်ပြီး နွေဦးတော်လှန်ရေး အောင်မြင် ချိန်တွင် စစ်တပ်နှင့်အတူ စောချစ်သူ အပါအဝင် ကရင် BGF များအားလုံး ချေမှုန်းခံရ မည်ကို သတိပြုရမည့် အချိန်လည်းဖြစ်သည်။

