25 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီးတွင် အလောင်း ၂ လောင်းထပ်မံတွေ့ရှိရပြီး စုစုပေါင်း သတ်ဖြတ်ခံရသူ ၂၀ ဦးအထိရှိလာ

Must read

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီးတွင် အလောင်း ၂ လောင်းထပ်မံတွေ့ရှိရပြီး စုစုပေါင်း သတ်ဖြတ်ခံရသူ ၂၀ ဦးအထိရှိလာ

■ အသတ်ခံရသူ အမျိုးသမီးအင်္ဂါများတွင် ထိုးသွင်းဒဏ်ရာ၊ ကိုယ်ခန္ဓာကိုယ်ချုပ်ထားသည့်ဒဏ်ရာများရှိပြီး မစင်များပါထွက်နေ၊ အုပ်စုလိုက် မုဒိမ်းကျင့်သွားဟုဆို

ရန်ကုန်၊ ဇွန် ၂၇

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာနှင့် မြင်းဆည်ကျေးရွာ ကို စစ်တပ်က ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း ဝင် ရောက်စီးနင်းစဉ် လူ ၁၈ ဦးကို သတ်ဖြတ်ခဲ့ရာမှ ယနေ့ အလောင်း ၂ လောင်းထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း အသတ်ခံရသူ ၂၀ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ကင်းတော်ရွာနှင့် မြင်းဆည်ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းချိန် တော်လှန်ရေး ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ ယနေ့တွင် အလောင်း ၂ လောင်း ထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း အသတ်ခံရသူ ၂၀ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

” ဒီနေ့၂ လောင်းထပ်တွေ့တယ်။ ငါန်းဇွန် ပကဖ တွေပဲ။ စုစုပေါင်း ၂၀ ဦးအသတ်ခံရတယ်။ တော်လှန်ရေး ရဲဘော် ကျားနဲ့ မ ၁၇ ဦး။ ပြည်သူ ၃ ဦး အသတ်ခံရတာပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အသတ်ခံရသူ အမျိုးသမီးများ၏ အင်္ဂါများတွင် ထိုးသွင်းဒဏ်ရာများရှိနေပြီး ကိုယ်ခန္ဓာများတွင်လည်း အချုပ်ခံရထားပြီး မုဒိမ်းကျင့်ခံထားရသည့် ဒဏ်ရာများရှိကြောင်း၊ မစင်များလည်း ထွက်နေကြောင်း သိရှိရသည်။

“အမျိုးသမီးတွေကို အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်သွားတာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အမျိုးသမီးများ မုဒိမ်းကျင့် သတ်ဖြတ်ခံထားရစဉ် ရရှိထားသော ဒဏ်ရာများကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article