25 C
Yangon

မြန်မာစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော အပစ်ရပ် EAOs ၅ ခုတို့ နေပြည်တော်တွင် တွေ့ဆုံပြန်

Must read

မြန်မာစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော အပစ်ရပ် EAOs ၅ ခုတို့ နေပြည်တော်တွင် တွေ့ဆုံပြန်

ရန်ကုန်| ဇွန် ၂၇

မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အပစ်ရပ် တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ EAOs ၅ ခုတို့ ဇွန်လ ၂၆၊ ၂၇ ရက်တို့တွင် နေပြည်တော်၌ တွေ့ဆုံကြပြန်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသော EAO ၁၀ ဖွဲ့ရှိသော်လည်း KNU အပါအဝင် အဖွဲ့အချို့မှာ မြန်မာစစ်တပ်ကို ပြန်လည်တိုက်ခိုက်နေပြီး ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO စသည့် အဖွဲ့တို့က မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများကို ဆွေးနွေးနေခြင်းဖြစ်သည်။

ယခု ပြုလုပ်နေသည့် မြန်မာစစ်တပ်နှင့်ဆွေးနွေးပွဲတွင် ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မ တော် (DKBA) မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်နေကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင် ဆင် လိုသောအချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထား သည့် အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါး တိုက် ဖျက်ရေး ကိစ္စတို့ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းနေကြကြောင်း သိရသည်။

တရုတ်အစိုးရ၏ ကြားဝင် ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနှင့် NCA လက်မှတ် ရေး ထိုး မထားသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့် တပ်တော် AAတို့ ပြီးခဲ့သည့် ဇွန် ၁ရက်နေ့က တွေ့ခဲ့ကြသည်။

သို့သော်လည်း ကနဦး ၃ ရက်ကြာ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ၂ရက်အကြာ တွင် စစ်ကောင်စီဘက် က ဆွေးနွေးလိုသည့် အချက်များကို ညီနောင် မဟာ မိတ် အဖွဲ့ သုံးဖွဲ့က ဆက်လက်မဆွေးနွေးလိုသည့် အတွက်ကြောင့် ဆွေးနွေးပွဲ ရပ်တန့် သွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article