လွတ်ရက်စေ့ချိန် အကျဉ်းထောင်ထဲမရှိတော့ဘဲ မိသားစုနဲ့ အဆက် အသွယ် ပြတ်သွားတဲ့ ဦးသောဘိတ(အလင်္ကာကြယ်)အတွက် အသက်အန္တရာယ် စိုးရိမ်နေရပြီ
ရန်ကုန် | ဇွန် ၂၈
စစ်တပ်က အာဏာစတင်သိမ်းယူချိန်ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ထောင် သွင်း အကျဉ်းချခံ ထားရတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လွတ်ရက်စေ့ချိန်မှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ ပျောက်ဆုံး နေပါ တယ်။
ဆရာတော်က အကျဉ်းထောင် ထဲလည်း မရှိတော့သလို စစ်ကောင်စီက ဘယ်နေရာခေါ်ဆောင်သွားလဲ မသိရတဲ့အတွက် အသက်အန္တရာယ်စိုးရိမ် တယ်လို့ မန္တလေးသံဃသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။
ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို စစ်တပ်က အာဏာစတင် သိမ်းယူတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မနက် ၄နာရီအချိန်မှာ ဖမ်း ဆီးသွားခဲ့ပြီး ၂၀၀၈ခုနှစ်က စွဲဆိုထားတဲ့ ပုဒ်မ(၆၆)(ဃ)အမှုနဲ့ အမရပူရ တရားရုံးမှာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့သလို ထောင်တွင်းတရားရုံးကနေ ပုဒ်မ (၅၀၅)(က)နဲ့ နောက်ထပ် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါထောင်ဒါဏ်တွေဟာ လျော့ရက်တွေ ထည့်သွင်းရေတွက်ရင် ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့မှာ လွတ်ရက်စေ့မှာ ဖြစ်ပေမယ့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အိုးဘိုအကျဉ်းထောင်ထဲမှာမရှိတော့သလို စစ်ကောင်စီက မည်သည့်နေရာကို ခေါ်ဆောင်သွားမှန်းမသိရဘဲ လက်ရှိအချိန်အထိ မိသားစု နဲ့အဆက်အသွယ်ပြတ်နေတာ ၇ရက်ခန့်ရှိနေပြီလို့ မန္တလေးသံဃသမဂ္ဂက ဆိုပါ တယ်။
အခုလို လွတ်ရက်စေ့ပေမယ့် အကျဉ်းထောင်ထဲမရှိတော့သလို အဆက်အသွယ် ပြတ် တောက်နေတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)အတွက် အ သက် အန္တရာယ်စိုးရိမ်မိတယ်လို့ မန္တလေးသံဃသမဂ္ဂက ထုတ်ပြန် ထား ပါ တယ်။
ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)ဟာ တိုင်းပြည် တရားဥပဒေ စိုးမိုး ရေးနဲ့ ပြည်သူလူထု ရပိုင်ခွင့် အခွင့်အရေးတွေအတွက် တစိုက်မတ်မတ် ကြိုး ပမ်း ဆောင်ရွက်ခဲ့တဲ့ အထင်ကရ ရဟန်းတော်တစ်ပါးဖြစ်တာနဲ့အညီ စစ်တပ်နဲ့ အပေါင်းအပါတွေက အရပ်သားဒီမိုကရေစီအစိုးရ လက်ထက်ကတည်းက လုံးဝ မလိုလားဘဲ အငြိုးအာဃာတကြီးနိုင်တယ်လို့ သံဃသမဂ္ဂက ထုတ်ပြန်ချက် ထဲမှာ ထောက်ပြထားပါတယ်။
“ဆရာတော့် အခြေအနေက အတော်ကို စိုးရိမ်စရာ ကောင်းတယ်။ ပျူစောထီး တွေ၊ မဘသတွေ၊ အမျိုးသားရေး အစွန်းရောက်တွေက လူတွေကို ခေါ်ပြီး သတ် ဖြတ် အလောင်း ဖျောက်လိုက် တာတွေ လည်းရှိတယ်။ ရန်ကုန်မှာဆိုရင်လည်း အဲဒီလိုဖြစ်စဉ်တွေ ဖြစ်နေတော့ ဆရာတော့်အတွက် အရမ်းကို စိုးရိမ်ပါတယ်။ ဆရာတော်ပျောက်နေတာ ၁ ပတ်ကျော်လာတော့ ဆရာတော်အနေနဲ့ လွတ် မြောက် ရင်တော့ ဆက်သွယ်မှာပါပဲ။ အခု ဘယ်လိုမှ အဆက် အသွယ်မ ရ တာ က ဦးဇင်းတို့အတွက် အတော်ကို ရင်လေး စိတ်လေးစရာဖြစ်ရတယ်” ဟု မန္တလေး သံဃာ့သမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
