24 C
Yangon

မုံရွာတွင် စစ်သားများ လိုက်ပါလာသည့် ရေယာဥ် ၃ စီးကို ပစ်ခတ် တိုက်ခိုက်၊ စလင်းတွင်လည်း စစ်တပ် စခန်းနှင့်ကင်းပုန်း များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မုံရွာတွင် စစ်သားများ လိုက်ပါလာသည့် ရေယာဥ် ၃ စီးကို ပစ်ခတ် တိုက်ခိုက်၊ စလင်းတွင်လည်း စစ်တပ် စခန်းနှင့်ကင်းပုန်း များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ ရေယာဥ် ၃ စီးကို မြစ်ကြောင်းတလျှောက် ရှေ့ထွက်ပြောင်းများ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၂၈ ရက် နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်က အဆိုပါ အကြမ်းဖက် စစ်တပ်၏ ရေယာဥ် ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ပူးပေါင်းကာမြစ်ကမ်းတလျှောက်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရသေးပဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Hero Fighter (Salingyi)၊ Chindwin Dynaite(Salingyi)၊ Fighter 9 Force (Salingyi) နှင့် တောင်ပံနီပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ငလှိုင်းရွာအနောက်ဘက် တောင်ကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းနှင့် ကင်းပုန်းတို့အား ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မင်းခရိုင် တပ်ရင်း ၁ ( စလင်း PDF) ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက် နေ့လည် ၁၁ နာရီမှ ၁၂ နာရီခွဲအထိ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာ အနောက် ဘက် တောင်ကုန်းပေါ်၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီစခန်းနှင့် ဘာလရွာလမ်းခွဲ အနီးကင်းပုန်း တို့အား ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံး မှု မသိရသေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း (စလင်း) တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်တပ်မှ ၆၀ မမ လက်နက်ကြီး ၁ ချက်အပြင် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း PDF-Salin က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article