31 C
Yangon

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသော မိသားစု ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

Must read

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသော မိသားစု ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှ အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မိသားစုဝင် ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက် နံနက် အစောပိုင်း ၁ နာရီခန့်က ထမင်းမစားကျေးရွာ၌ နေထိုင်ပြီး အကြမ်း ဖက်စစ်တပ်ဂိတ်ကို ထမင်းပို့ခြင်း၊ ဆန္ဒပြ သပိတ်စစ်ကြောင်းများဖြိုခွင်းရာ၌ သတင်းပေးခြင်း၊ PDF တပ် ဖွဲ့ဝင်မိသားစုများကို သတင်းပေးခြင်း၊ PDF တပ်ဖွဲ့များရှိသည့်နေရာကို လိုက်လံစုံစမ်းပြီး သတင်းပေး ခြင်းတို့ လုပ်ဆောင်နေသည့် သတင်းပေး မျိုးသိန်း၊ ခိုင်ဇာမြင့်၊ သားဖြစ်သူ ထွန်းလင်းအောင် တို့ကို ပစ်ခတ် ဆိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က စစ်ခွေးတပ်ကို သတင်းပေးနေတဲ့ မိသားစုပါ၊ စစ်ခွေးဂိတ်ကို နေ့တိုင်းလိုလို ထမင်းသွားပို့ တယ်၊ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းဖို့ သတင်းပေးတယ်၊ PDF တပ်ဖွဲ့ဝင်မိသားစုအိမ်တွေကို သတင်းပေးတယ်၊ PDF တပ်ဖွဲ့တွေ ရှိတဲ့နေရာတွေကို စုံစမ်းပြီးတော့ စစ်ခွေးတွေကို သတင်းပေးတဲ့ အလုပ်မျိုးလုပ်နေလို့ ရှင်းလင်းခဲ့တာပါဗျ” ဟု ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article