32 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီး တိုက်နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး

Must read

ဝက်လက်မြို့နယ်၊ ရွာသာကြီး တိုက်နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ သော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးပြီး LPDF ခေါင်း ဆောင် ရဲဘော်ကိုသန့် ကျဆုံးခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က အင်အား ၂၀၀ ခန့်ဖြင့် ဝက်လက်မြို့နယ်၊ ရွာသာကြီး တိုက်နယ်အတွင်း ရွှေဘို-မန္တလေး လမ်းဘေးရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို စိုင်နိုင်တိုက်နယ်အတွင်း တစ်နေရာတွင် ပဒေသာမိုင်း ၆ လုံးတွဲ ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၁၂ ကောင်ကျတယ်လို့ သတင်းရတယ်၊ ကျနော်တို့ LPDF ခေါင်းဆောင် ကိုသန့်ကျဆုံးရတာဆို ရင် ဒီနေ့ရက်လည်ပြီ၊ စစ်ခွေးတွေကလည်း ဘုန်းဘွဲ့ကျေးရွာမှာ တပ်စွဲထားတုန်းပဲ၊ ဒဏ်ရာရတာ တွေများတော့ ဆေးကုသရင်း တပ်စွဲထားတာ၊ ပြန်ဆုတ်ခဲ့အချိန်မှာ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို လယ် ကွင်းထဲကနေ ဆွဲယူသွားတာ လမ်းကြောင်းကြီးကျန်ခဲ့တယ်” ဟု သိဒ္ဒိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့နောက် အသင့်နေရာယူစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ၁၀ မိနစ်ခန့် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အကြမ်းဖက်စစ်တပ်၏ စနိုက်ပါ ထိမှန်ကာဒေါင်းလေး LPDF ခေါင်းဆောင် ကိုသန့်ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်းအထိနာသော အကြမ်းဖက်စစ်တပ်က ပြန်လည်ဆုတ်ခွာချိန် အသင့်ထောင်ထားသော ၁၆ လုံး ပဒေသာ၊ ၄ လုံးပဒေသာမိုင်းကွင်းပေါ်များပေါ်သို့ ရောက်ရှိချိန် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ သဖြင့် ယနေ့ချိန်အထိ ရွှေဘိုမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာနိုင်ခြင်းမရှိပဲ ဘုန်းဘွဲ့ကျေးရွာ၌ ဆေးကုသရင်း တပ်စွဲထားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း ၁၊ တပ်ရင်း၂ ၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းလေး LPDF၊ ကျွဲကြီး LPDF၊ ဒေါင်းတမာန် (ပကဖ)၊ ဇာမဏီသွေး(ပကဖ)၊ ပန်းပျိုးလက်(ပကဖ)၊ Shin Shin (ပကဖ)၊ မဟူရာကျွဲရိုင်း(ပကဖ)၊ မဟူရာဆင် ရိုင်း(ပကဖ)၊ နဂါးမင်း(ပကဖ)၊ ဒေါင်းစစ်သည်(ပကဖ)၊ တာနောယက္ခကြီး ပကဖ၊ ဘွဲ့ကြီး ပြည်သူ့ကာ ကွယ် ရေးအဖွဲ့(အရာတော်မြို့နယ်)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article