36 C
Yangon

ရန်ကုန် သီရိမင်္ဂလာစျေးတွင် စစ်တပ်က ဧည့်စာရင်းတစ်စောင် ငွေကျပ် ၈၀၀၀ တောင်းခံမှု စျေးသူစျေးသားများနှင့် အလုပ်သမားများ အခက်ကြုံ

Must read

ရန်ကုန် သီရိမင်္ဂလာစျေးတွင် စစ်တပ်က ဧည့်စာရင်းတစ်စောင် ငွေကျပ် ၈၀၀၀ တောင်းခံမှု စျေးသူစျေးသားများနှင့် အလုပ်သမားများ အခက်ကြုံ

ရန်ကုန်၊ ဇွန် ၂၉

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်း၊ သီရိမင်္ဂလာစျေးသစ်တွင် စစ် တပ် က ဧည့်စာရင်း တစ်စောင်လျှင် ငွေကျပ် ၈၀၀၀ တောင်းခံနေသည့် အ တွက် စျေးသူစျေးသားများနှင့် အလုပ်သမားများ အခက်ကြုံနေရကြောင်း စျေး သူစျေးသားများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

စျေးသူစျေးသားနှင့် အလုပ်သမား စုစုပေါင်း အင်အား ၅၀၀၀ ရှိသော သီရိမင်္ဂ လာ စျေးသစ်တွင် စစ်တပ်နှင့် စည်ပင်ပူးပေါင်း၍ ဧည့်စာရင်း တစ် စောင်လျှင် ၈၀၀၀ ကျပ်ဖြင့် ၁၅ ရက်သက်တမ်း ပေးကြောင်း၊ ထို့ပြင် စျေးသည်နှင့် အလုပ်သမား ကတ်ပြားများကို အခကြေးငွေ အဆမတန် တောင်းယူနေ ကြောင်း၊ ကတ်ပျောက်လျှင်လည်း ဒဏ်ရိုက်ကြောင်း သိရှိရသည်။

“ရန်ကုန်သီရိမင်္ဂလာစျေးမှာ ဧည့်စာရင်းတွေ တောက်လျှောက်ပြန်စစ်နေတယ်။ ဧည့်စာရင်းစာရွက်နဲ့တိုင်ရတာ။ စစ်တပ်ကကောက်ခိုင်းတာဆိုပြီး ဧည့်စာရင်း စာရွက်တစ်ရွက်ကို ၈၀၀၀ ပေးရတယ်။ ကတ်ပြားပျောက်ရင်၁၀၀၀၀ ပေး ပြန်လုပ်ရပြီးတော့ ဒဏ်ကြေးကတစ်လ ကို၂၀၀၀ တောင်းတယ်။ ပြောရမယ် ဆိုရင် ဧည့်စာရင်းစာရွက်က တစ်ရွက်မှ နှစ်ရာလောက်ကျတာကို ၈၀၀၀ တောင်း နေတယ်။ ဧည့်စာရင်းစာရွက်ကို ၁၅ရက်တစ်ကြိမ် သက်တမ်း တိုး ခိုင်းတယ်။ မေ့လောက်ပြီဆိုမှတစ်ခါပြန်စစ်တော့ အကုန်လုံး က သက် တမ်း မတိုးထားဘူးလေ။ ဧည့်စာရင်းစစ်လိုက်တော့ အလုပ်သမား နဲ့စျေး သည်တွေ အားလုံးကို ဒဏ်ရိုက်တာ ငွေသိန်းပေါင်းများစွာပဲ ။ ကတ်ပြား ဆို တာက ဧည့် စာရင်းလာတိုင်လို့ ခွင့်ပြုချက် စာရွက်ပေးရင် လူတစ် ယောက် ကို ကတ် တစ် ကတ်ထပ် ပေးတယ်။ သူတို့စစ်ရင် အလွယ် တကူ တွေ့ အောင် ထုတ်ပေး ထားတာ။ ငွေတောင်းတာအရမ်းများတယ်။ စျေးသူစျေးသား၊ အလုပ် သမား တွေလည်းမရှိလို့ လုပ်စားတာဒဏ်ကြေးပေးရတာနဲ့ တင်မ လောက်ဘူး” ဟု စျေးသူစျေးသားတစ်ဦးက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့ ညပိုင်း စစ်ကောင်စီတပ်က စစ်ကား ၄ စီးဖြင့် သီရိင်္ဂလာ စျေးသစ်ထဲသို့ ဝင်ရောက်လာပြီး ဧည့်စာရင်းလာရောက် စစ်ဆေးကြောင်း၊ ယင်းနောက် စျေးသည်များနှင့်အလုပ်သမားများကို ဧည့်စာရင်း သက်တမ်း မတိုးမှုဖြင့် ဒဏ်ကြေးများ ငွေကျပ် သိန်းချီ၍ ကောက်ခံသွားကြောင်း သိရှိရ သည်။

” ဇွန်လ ၂၇ ရက်နေ့ ညက စစ်ကားလေးစီးနဲ့ စျေးထဲဝင်လာပြီး ဒဏ်ရိုက်တာပဲ။ ၁၅ ရက်တစ်ခါ သက်တမ်းတိုးရင် ၅၀၀ ပေးရတယ်။ သီရိမင်္ဂလာစျေးက ညစျေး ဆိုတော့ လူတွေက ညအိပ်ကြတာပဲ။ အင်အားကလည်း လူ ၅၀၀၀ လောက်ရှိ တယ်။ စျေး ဒုတိယတာဝန်ခံ စန်းမင်းနဲ့ စစ်တပ်က ပေါင်းလုပ်တာ” ဟု စျေးသူ စျေးသားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီနှင့်စည်ပင်တို့က သီရိမင်္ဂလာစျေးသစ်တွင် မသင်္ကာဖွယ်ရာ လူငယ် များ၊ မျက်နှာစိမ်းသူများ ရောက်ရှိလာပါကစျေးသည်များအနေဖြင့် စည်ပင်၊ စစ် တပ်၊ ရဲကို အကြောင်းကြားရန်၊ ဗုံးဟု ယူဆရသော အထုပ်များ တွေ့ရှိပါ ကလည်း အကြောင်းကြား ရန်၊ အကြောင်းမကြားပါက လက်ခံ ထားသူ များကို အရေးယူမည်ဟု စျေးသူစျေးသားများကို ခြိမ်းခြောက် ပြောဆို သွား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article