28.8 C
Yangon

ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန်ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား

Must read

ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန်ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား

■ ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့်ဘုရားစေတီများ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန်ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း Homalin People’s Defense Force – HPDF ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်တပ် ခလရ -၂၇၂ နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းစစ်ကြောင်း အင်အား (၁၀၀) ဝန်းကျင်က ဖောင်းပြင်မြို့မှတဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ယင်းနောက် ထိုနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ရဟတ်ယာဉ် Mi-35 နှင့် Mi-17 ၂ စီးဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ဗုံးကျဲခဲ့ကြောင်း၊ စစ်ကောင်စီတပ် နှင့် ဟုမ္မလင်း-ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လေယာဉ်ပစ်ကူပြီး ထိုးတက်လာသော စစ်ကောင်စီတပ်မျာသည်း မိုင်းများ ထိပြီး ၄ ဦး စိုးရိမ်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၁ ဦးမှာ ဒဏ်ရာပြင်းထန်ဖြင့် ဖောင်းပြင်ပြည်သူ့ဆေးရုံတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ တိုက်ပွဲဒုတိယနေ့တွင် ခမရ ၃၀၉ မှ စစ်ကူ တပ်စု တစ်စု ရောက်လာပြီး ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ် အချိန် တိုက်လေယာဉ် နှစ်စီးဖြင့် မိနစ် ၃၀ ခန့် ပစ်ခတ်ဗုံးကျဲခဲ့ကြောင်း၊ ပထမနေ့ထက် ပိုမိုပြင်းထန်စွာ ဗုံးကျဲခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်း (၅) ကြောင်းဖြန့်ပြီး တိုက်ထုတ်ရှင်းလင်းရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က အထိနာသွားသဖြင့် ဇွန်လ ၂၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် တွင် ဂျက်ဖိုက်တာ JF-17 ဖြင့် ပေါင် (၅၀၀) ဗုံးသီး ၂ လုံး ပစ်ချခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အရာခံဗိုလ် တစ်ဦး၊ တပ်သား တစ်ဦး နှင့် SNA ရဲဘော် တစ်ဦး သေဆုံးပြီး၊ အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖောင်းပြင်စစ်တပ်မှ MA-8 (81 mm) ဖြင့် တောက်လျှောက် ပစ်ကူခဲ့ကြောင်း ၊ ၂ ရက်တာ တိုက်ပွဲအတွင်း ပြည်သူ နှစ်ဦး ဖမ်းဆီးသတ်ဖြတ် ခြင်းခံ ရ ပြီး၊ PDF ရဲဘော် တစ်ဦး၊ ပ.က.ဖ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article