35 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ ကံကောက်ရပ်ကွက်နှင့် နန်းဦးလွင်ရပ်ကွက် အပါအဝင် စစ် တပ် က အတင်း အဓမ္မ ဖျက်သိမ်းခိုင်းသည့် နေအိမ်အရေအတွက် ပိုများ လာ ပြီး အိမ်ခြေ တစ်သောင်းကျော် အထိ ရှိလာ၊ သိန်းထောင်ချီတန် အိမ်ကြီး အိမ် ကောင်းများစွာပါဝင်နေ

Must read

ပုသိမ်ကြီးမြို့နယ်၊ ကံကောက်ရပ်ကွက်နှင့် နန်းဦးလွင်ရပ်ကွက် အပါအဝင် စစ် တပ် က အတင်း အဓမ္မ ဖျက်သိမ်းခိုင်းသည့် နေအိမ်အရေအတွက် ပိုများ လာ ပြီး အိမ်ခြေ တစ်သောင်းကျော် အထိ ရှိလာ၊ သိန်းထောင်ချီတန် အိမ်ကြီး အိမ် ကောင်းများစွာပါဝင်နေ

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကံကောက် ရပ်ကွက်နှင့် နန်းဦးလွင် ရပ်ကွက် အပါအဝင် စစ်တပ်က အတင်း အဓမ္မ နေအိမ် ဖျက်သိမ်းခိုင်းသည့် နေ အိမ်အရေအတွက် ပိုမိုများပြားလာပြီး အိမ်ခြေ တစ်သောင်းကျော်အထိ ရှိလာ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့ တို့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက် မရှိဘဲ နေအိမ်များ ဆောက်လုပ် နေထိုင် သည်ဆိုသော အကြောင်းပြချက်ဖြင့် နေအိမ်ထောင်ချီကို ဖျက်သိမ်းခိုင်းခြင်းဖြစ် ကြောင်း၊ ယင်းမြေပေါ်မှ ဇူလိုင်လ ၆ ရက်နေ့တွင် နောက်ဆုံးထား ထွက်ခွာ သွားရမည်ဖြစ်ပြီး ထွက်ခွာခြင်းမရှိသူများကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ များအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

” ပထမက နန်းဦးလွင်နဲ့ ကံကောက်တို့ပဲဖျက်ရမယ်ဆိုပြီး စာတွေ လာကပ်တာ အခုက တဖြည်းဖြည်းနဲ့ နေအိမ်တွေ တော်တော်များလာပြီး နောက်ဆုံး ကြားရ တဲ့ သတင်းအရ ပုသိမ်ကြီးမြို့နယ် တစ်ခုလုံး နီးပါပဲ ဖျက်ခိုင်းနေတာ။ အိမ်ခြေလည်း သောင်းနဲ့ ချီမယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် နန်းဦးလွင်၊ ကံကောက်၊ ရွာရှည်၊ သလဲကုန်း၊ ကွေ့ကြီးကုန်း၊ သမ္မတော ၊ဘိုတက်ကုန်းနှင် သန့်စင်ကုန်းရွာတို့အပြင် တခြားကျေးရွာများ လည်း ပါဝင်ကြောင်း၊ ဖျက်သိမ်းခိုင်းသည့် မြေပမာဏလည်း ပိုမိုများပြား လာကြောင်း သိရှိရသည်။

“သင်္ကြန်ပြီး နှစ်ဆန်း ၁ ရက်နေ့ကမှ အိမ်တက်လေးပြီးထားတာ နေလာတာ နှစ်ချီနေပြီး အိမ်ဆောက်တုန်းကလည်း ဘာမှလာမပြောဘူး။ မီတာလျှောက် တော့လည်း ကျလာတာပဲ။ ခုမှရုတ်တရက် ရွှေ့ခိုင်းတော့ မိသားစုတော် တော်များ များ အတော်တော်များများ ဒုက္ခရောက်နေတယ်။ တချို့ဆို နေရာပြောင်းဖို့ အိမ်ထပ်မရှိကြဘူး။ ကျအမိန့်စာမှာ လယ်ယာမြေပေါ် အိမ်ဆောက် လို့ ဆိုပြီးပဲ ပါတယ်။ တချို့ဆို ဆောက်လက်စတွေ ဖျက်ရမယ့် အိမ်တွေကို ဆေးနီတွေနဲ့ အမှတ်အသားတွေ လုပ်သွားတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က နေအိမ်များကို အတင်း အဓမ္မ ဖျက်သိမ်းခိုင်းရန် လာရောက် အကြောင်း ကြားစဥ် လက်နက်အပြည့်အစုံဖြင့် စစ်သားနှင့် ရဲ ၁၀၀ ကျော်ခန့်က နေအိမ် များကို မဖျက်ပေးပါက ၎င်းတို့ ကိုယ်တိုင် အတင်းအဓမ္မ ဖျက်ဆီး မည် ဟု ခြိမ်းခြောက် ပြောဆိုသွားကြောင်း သိရသည်။

ဓာတ်ပုံ- ဖျက်သိမ်းခံရမည့်ပြည်သူပိုင် နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article