30 C
Yangon

စစ်တပ်ကို တန်ပြန် ထိုးစစ်ဆင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်း၊ ပဲခူး-စစ်တောင်း လမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့တွင် နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွား လာ ခြင်းမပြုလုပ်ရန် PDF တပ်မတော်က သတိ ပေးချက် ထုတ်ပြန်

Must read

စစ်တပ်ကို တန်ပြန် ထိုးစစ်ဆင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်း၊ ပဲခူး-စစ်တောင်း လမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့တွင် နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွား လာ ခြင်းမပြုလုပ်ရန် PDF တပ်မတော်က သတိ ပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကောင်စီတပ်ကို တန်ပြန် ထိုးစစ်ဆင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်း၊ ပဲခူး-စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့တွင် နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုလုပ်ရန် PDF တပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ရန် နှင့် စစ်ရေး အရှိန်အဟုန်မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့ကို နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုလုပ်ရန် ၊ သတ်မှတ်လမ်းပိုင်း များအတွင်း နေ့အချိန် သွားလာရာတွင် မော်တော်ယာဉ်များကို မှန်ချ၍ မောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းများကို ကြည်ဖြူစွာ လက်ခံရန်၊ ထုတ်ပြန်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို စစ်ဒေသခွဲ ၂ က တာဝန်ယူမည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

“အခုလိုကြေညာချက်ထုတ်ရတာက ကျနော်တို့က ပြည်သူ့တပ်မတော်ဖြစ်တဲ့အတွက် စစ်ဆင်ရေးမှာ ပြည်သူထိခိုက်မှုနည်းအောင် အခုလို ကြေညာချက်ထုတ်ရတာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်း၊ သူတို့အနီးအနား၊ သူတို့ယာဉ်တန်းတွေမှာ နီးနီးကပ်ကပ်မနေဖို့ လည်း မေတ္တာရပ်ခံလိုတယ်။ အိမ်စီးကားတွေ ပြည်သူတွေရဲ့ကားတွေနဲ့ စစ်ကောင်စီကို သယ်ဆောင်တာ တွေ၊ အကြမ်းဖက် စစ်တပ်ရဲ့ ပစ္စည်းတွေ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေးရုံး၊ တောင်းပိုင်းစစ်ဒေသမှ တာဝန်ရှိ သူ ဦးတင်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article