23 C
Yangon

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်ခဲ့

Must read

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်ခဲ့

ရန်ကုန်၊ ဇူလိုင် ၃

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နှင့် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် အရှေ့တီမောကို ရောက်ရှိနေစဥ် တီမောလက်စတေးနိုင်ငံသမ္မတထံသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ကြောင်း သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့သည်။

တီမောလက်စတေးနိုင်ငံ၏ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း၊ တီမောလက်စတေးနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာက မိန့်ခွန်းပြောကြားသည့်အခါ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article