သိမ်ဇရပ်တွင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ဆားလင်းကြီးတွင် စစ်တပ်နှင့်ပျူစောထီးများလိုက်ပါသော ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဇူလိုင် ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် သိမ်ဇရပ်မြို့၊ အမြောက် တပ် ၃၁၀ အနောက်ဘက်နားရှိ စစ်တပ်စစ်ဆေးရေးဂိတ်ဖြစ်သော စက္ကူစက်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦးဒဏ် ရာရရှိကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားချိန်သည် ၈ မိနစ်ဝန်းကျင်ရှိပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း၊ အမြောက်တပ် ၃၁၀ က ၈၁ မမ ၈ လုံးဖြင့်ဘုရားလေး ဆူ ၊ စစ်ကွင်း ၊ မုက္ကမော့ ၊ အခိုင် ၊ ဝါးဂေါက်ကွင်းလမ်းဘက်သို့ ပစ်ခတ်ခဲ့ပြီး လူနေရပ် ကွက်များဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မှ ထွက်လာသော စစ်တပ် နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် ဆားလင်း ကြီးမြို့နယ် ပေါင်း၀ ဆိပ်ကမ်းမှ မုံရွာမြို့သို့ အမြန်ယာဉ် တစ်စီးဖြင့် ဆန်တက် လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့ ကြောင်း Hero Fighter (Salingy) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
စစ်တပ်စစ်ကြောင်းကို Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force (Salingyi) ၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့နှင့် တခြားသော ညီနောင်မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာမြစ်ကမ်းတစ် လျှောက် ရှေ့ထွက်ပြောင်းတိုက် အပါအ၀င် လက်နက်ကြီး/ငယ် များဖြင့် မိနစ် ၃၀ အကြာ ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန် ရေကြောင်းတိုက်ပွဲ ဖြစ် ပွား ခဲ့ပြီး ဖြစ်စဉ်တွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရ သည်။
ဓာတ်ပုံ-မြစ်အတွင်းသွားလာနေသည့် စစ်ကောင်စီတပ်၏ ရေယာဉ်တစ်စီး။( ယမန်နှစ်ပုံအဟောင်းဖြစ်ပါသည်။)