30.3 C
Yangon

ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုး ထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်

Must read

ရန်ကုန်၊ ဇူလိုင် ၄

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့ပြီး သတ် ဖြတ်ခံရသူ ဦးနေမျိုးထက်၏ နာရေးကို ယနေ့ မွန်းလွဲ ၁ နာရီ ပြုလုပ် မည်ဖြစ် ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် ပုသိမ်မြို့ တဂေါင်းဘုရားကုန်းတော်ပေါ်၌ စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ စကားများ ရန်ဖြစ်ပြီး စက်ဘီးစီးနှင်းလာသူက အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက်ကို အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက်ကို ဖမ်းဆီးပြီးနောက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်က​ ဖြေရှင်းပေးခြင်းမရှိဘဲ တကောင်းဘုရားကုန်းတော်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို အကြောင်းကြားပြီး ဖမ်းဆီးထားသည့် ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက်ကို လွှဲပေးခဲ့ကြောင်း၊ ဆိုင်ကယ်ပိုင်ရှင်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တဂေါင်းဘုရားကုန်းတော်ပေါ် စစ်ကြော ရေးတွင် စစ်တပ်က ရိုက်နှက်ညှဉ်းပန်းသဖြင့် ဦးနေမျိုးထက် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို ပြန်ပေးခဲ့သဖြင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် သဂြိုလ် မည်ဖြစ်ကြောင်း သိရှိရသည်။

” စက်ဘီးနဲ့ ဆိုင်ကယ် တိုက်မှုကို အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်က ဖြေရှင်း မပေးဘဲ တကောင်းဘုရားကုန်းတော်ပေါ်မှာ တပ်စွဲထားတဲ့ ခွေးတပ်ကို အကြောင်း ကြားပြီး လွှဲလိုက်တယ်။ ခွေးတွေက ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုး ထက်ကို ဖမ်းခေါ်ပြီး ထုရိုက်တာ ဂေါင်းဘုရားကုန်းတော်ပေါ်မှာတင် သေဆုံး တယ်လို့သိရပါတယ်။ နောက်ဆက်တွဲသတင်းကတော့ ဝိုင်းရိုက်သတ်တဲ့ အထဲမှာ ခွေးတပ်ကဗိုလ်ကြီးရာထူးနဲ့ ၂ ကောင် ပါတယ်လို့သိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက် သေဆုံးကြောင်းကို အမှတ် ၈ ရပ်ကွက် အုပ် ချုပ် ရေးမှူးရုံးက မဟာဗောဓိရပ်ကွက်ရှိ မိသားစု နေအိမ်ကို လာရောက် အကြောင်းကြားခဲ့ကြောင်း၊ နာရေးကို ဇူလိုင်လ ၄ ရက်နေ့မွန်းလွဲပိုင်း ပြုလုပ် မည် ဖြစ်ကြောင်း သိရှိရသည်။

” တိုင်တဲ့သူက ပစ္စည်းလုယက်တယ်ဆိုပြီးနာမည်ဖျက်တိုင်ကြားတယ်။ အပြစ် မရှိဘဲတမင်ကိုအသတ်ပေးလိုက်ရတာပါ။ တိုင်ကြားသူက စစ်ကောင်စီ ထောက် ခံအားပေးသူဖြစ်နေတာကြောင့် အခုလိုမဟုတ်ဘဲ အတိုင်ကြားခံရသူ က ညှဉ်းပန်း နှိပ်စက်ခံရပြီး အသက်ပေးလိုက်ရတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article