32 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

Must read

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Caf-Spupdf ပခုက္ကူခရိုင် အမှတ်၄တပ်ရင်းတပ်ခွဲ၁ မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ဆောလမ်းပိုင်း သပြေကုန်းဆင်း အနောက်ဘက် ရေကျော်ရွာ အရှေ့ဘက် အင်ပင်ချောင်းရိုး တံတားအနီးတွင် ခြေလျင် တက်သည့် အင်အား ၁၅ ဦးပါ စစ်တပ် စစ်ကြောင်းကို ပဒေသာ မိုင်းသုံးလုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၈ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြောင်း၊ ယင်းသို့ မိုင်းဆွဲတိုက်ခိုက် ခံရသည့်အတွက် ကုန်းပေါ်မှ ကင်းပုန်း စစ်သား ၅ ဦး ဆင်းလာချိန် တော်လှန်ရေးအဖွဲ့များ ထောင်ထားသည့် မိုင်းကို နင်းမိပြီး စစ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဖြစ်စဉ်ကတော့ ညောင်နီချောင်းအနောက်ဘက်တပ်မကနေ ရိက္ခာကားကို လုံခြုံရေးယူရန် လမ်းလျှောက်လာတဲ့ ခွေးဆယ်ငါးကောင်ကို ကျွန်တေယ်တို့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဆွဲလိုက်တဲ့ မိုင်းကတော့ ပဒေသာသုံးလုံးတွဲပါ။ ဆွဲဆွဲချင်းမှာပဲ ၇ ယောက်က နေရာတွင် ပွဲခြင်းပြီးပါ။ ကျန် ၈ ယောက်က ဒဏ်ရာပြင်းထန်။ သူတို့လူတွေ မိုင်းဆွဲခံရတော့ ကုန်းပေါ်မှ ကင်းပုန်းဝတ်နေရာယူထားတဲ့ ခွေးတွေက ဒေါသကြီးစွာဆင်းလာရာ ကျွန်တော်များ ကာကွယ်ရေးအဖွဲ့မှ ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးပေါ်နင်းမိရာ နှစ်ယောက်ထပ်မံသေဆုံးခဲ့ပါတယ်” ဟု Caf-Spupdf ပခုက္ကူခရိုင် အမှတ်၄တပ်ရင်းတပ်ခွဲ၁ မှ တပ်ဖွဲ့ တာဝန်ခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်းတပ်ခွဲ ၁ နှင့် CAF မြေလတ် ပကဖတို့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အချိန်မီ ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article