32 C
Yangon

ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

Must read

ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၄

ပဲခူတိုင်း၊ ရေတာရှည်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တောင် ငူ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၁ ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက် ညနေ ၂ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် ရေတာရှည်မြိုနယ်၊ စည်ပိုင်း ကျေး ရွာအုပ်စု၊ အိုးမြေတူး ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေး ရွာ အကြား နှမ်းခင်းအရောက်၌ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရေတာရှည်မြို့နယ် ပကဖ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ ချေမှုန်းရေး တပ်စိတ်များ က ထိရောက်စွာ ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article