20 C
Yangon

ကယားနှင့် ရှမ်း ပြည်နယ် အစပ်တွင် ဇွန်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ နီးပါးသေဆုံး၊ စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၃ ဦးသေဆုံး

Must read

ကယားနှင့် ရှမ်း ပြည်နယ် အစပ်တွင် ဇွန်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ နီးပါးသေဆုံး၊ စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

ကယားပြည်နယ် နှင့် ရှမ်း ပြည်နယ် အစပ်တို့တွင် ဇွန်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ နီးပါးသေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

ဇွန်လ ၁ လတာအတွင်း ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့​ကာ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့မှစ၍ အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့ အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ မြို့တွင်း နေရာအနှံ့ တပ်စွဲခဲ့ကြောင်း၊ အဆိုပါ အကြမ်းက် စစ်တပ် တပ်စွဲထားသော နေရာများကို KNDF နှင့်အတူ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ URF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ၁ တာအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ နေရာ အချို့တွင်လည်း ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး မိုးဗြဲမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေး အဆောက်အဦးများ ထိခိုက် ပျက်ဆီးမှုရှိခဲ့ပြီး စာရင်းအတိအကျအား ပြုစုနေဆဲဖြစ်​ကြောင်း သိရသည်။

မိုးဗြဲမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ချိန်တွင် KNDF တပ်ဖွဲ့က စုစည်းထားသော အချက်အလက်များအရ ပြည်သူ ၂၃ ဦးကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကာ သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၃ ဦး နှင့် အသက် ၁၀ နှစ် ဝန်းကျင်ရှိ ကလေးငယ် ၁ ဦးတို့ အပါအဝင် ပျောက်ဆုံးနေသူနှင့် သေဆုံးသွားသော ပြည်သူများ၏ ရုပ်အလောင်းများ မရရှိသေးမှုများလည်း ရှိကာ မိုးဗြဲမြို့နေရာအနှံ့တွင် စစ်တပ်က တပ်စွဲထားလျက်ရှိကြောင်း သိရှိရသည်။

ဇွန်လအတွင်း အကြမ်းဖက် စစ်တပ်နှင့် KA၊ KNDF၊ မိတ်ဖက် ပူးပေါင်းတပ်များအကြား လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲ ၇ ကြိမ်၊ ရှားတောမြို့နယ်တွင် ၁ ကြိမ်၊ ဖရူဆိုမြို့နယ်တွင် ၄ ကြိမ် နှင့် ဒီးမော့ဆိုမြို့နယ်တွင် ၅ ကြိမ်ခန့်အထိ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၃ ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော BP-13 စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့ကို KA ၊ ကလလတ ၊ KNDF နှင့်အတူ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ် များစွာနှင့် ခဲယမ်းမီးကျောက် အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်က ဘောလခဲမြို့မှ စစ်ကောင်း ၂ ကြောင်းခွဲကာ ရွာသစ်မြို့သို့ဦးတည်၍ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ရွာသစ်-ဘောလခဲ လမ်းတလျှောက်တွင် အကြမ်းဖက် စစ်တပ်နှင့် KA ၊ ကလလတ ၊ ဘောလခဲPDF ၊ KNDF တို့ကြား ၄ ရက်ကျော်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်မှ ရွာသစ်မြို့အတွင်းသို့ ဝင်ရောက်ကာ တပ်စွဲခဲ့ကြောင်း၊ ဇွန်လ ၁ လတာအတွင်း ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက် တပ်ဖွဲ့ဘက်မှ စစ်သား ၅၀ နီးပါး သေဆုံးခဲ့ပြီး တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ နေ့စဥ်နီးပါး လေကြောင်းပစ်ကူများနှင့် လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိတွေ့တိုက်ပွဲများအတွင်း KNDF/B-03 မှ ရဲဘော် မောင်ဒို နှင့် ရဲဘော်ရှိုင်းဝဏ္ဏအောင်၊ KNDF/CDM ဌာနမှ ရဲဘော်သားသား တို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်(၃)ဦးတို့အား အာဇာနည်သူရဲကောင်းများအဖြစ် KNDF မှ အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ လတာအတွင်း ကယားပြည်နယ်နှင့် မိုးဗြဲမြို့တို့တွင် အရပ်သားပြည်သူ ၃၃ ဦး ကို သတ်ဖြတ်ခဲ့ပြီး စစ်တပ်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်မှုကြောင့် မိုးဗြဲမြို့တွင် ပြည်သူ ၃ ဦး၊ ဘောလခဲမြို့နယ်တွင် ပြည်သူ ၁ ဦး၊ လွိုင်ကော်မြို့နယ်တွင် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင် ပြည်သူ ၁ ဦး နှင့် ဖားဆောင်း မြို့နယ်တွင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ မိုးဗြဲမြို့အတွင်း အကြမ်းဖက် စစ်တပ် မှ စစ်ကြောင်းထိုးဝင်ရောက်စဥ် ဒေသပြည်သူ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၃ ဦး နှင့် အသက် ၁၀ နှစ် ဝန်းကျင်ရှိ ကလေးငယ် ၁ ဦးတိုကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကာ အကြမ်းဖက် စစ်တပ်မှ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article